ပါဝင်ပစ္စည်းများ
- ကော်ပြန့်ရွက် – ၂၀ရွက်
- ကြက်ရင်ပုံသား – ၅ကျပ်သား
- ပဲပင်ပေါက် – ၅ကျပ်သား
- ဂေါ်ဖီထုပ် – ၅ကျပ်သား
- မုန်လာဥနီ – ၁ဥ
- ပဲပြား – ၁တုံး
- ကြက်သွန်မိတ် – ၅ပင်
- ကြက်သွန်ဖြူ – ၃မွှာ
- ခရုဆီ – အနည်းငယ်
- ဆီ – အနည်းငယ်
- ဆား – အနည်းငယ်
- ပဲငံပြာရည်အကြည် – ထမင်းစားဇွန်း ၁ဇွန်း
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
- ငရုတ်ဆီ
ပြုလုပ်နည်း
- ကြက်ရင်ပုံသားကို သန့်စင်ပြီး ပါးပါးလှီးပါ။ ဆား၊ ငရုတ်ကောင်းမှုန့်ဖြင့် နယ်ပါ။ ပဲပင်ပေါက်ကို ရေဆေးပြီး ရေစစ်ပါ။ ဂေါ်ဖီထုပ်ကို ရေဆေး၊ ပါးပါးလှီးပြီး ရေစစ်ပါ။ မုန်လာဥနီ၊ ပဲပြားကို ပါးပါးလှီးပြီး ရေစစ်ပါ။
- ကြက်သွန်မိတ်ကို အနေတော်ဖြတ်ပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး နုပ်နုပ်စင်းပါ။ ဒယ်အိုးထဲ ဆီပါလေကာ ထည့်ပြီး ကြက်သွန်ဖြူကို ဆီသတ်ပါ။ ကြက်သားကို ထည့်ပါ။ အစာပလာ အားလုံးကို တစ်ခုချင်းစီ ဆက်တိုက်ထည့်ပါ။
- ခရုဆီ၊ ပဲငံပြာရည်အကြည်၊ ဆား အနည်းငယ်ထည့်ပြီး အရသာ ပြင်ပါ။ အရွက်တွေ ကြော်တဲ့အခါ ဟင်းရည် ထွက်လာလျှင် ဇကာဖြင့် ဆယ်ပြီး စစ်ပါ။
- ကော်ပြန့်ရွက်တွေကို ရေစိုအဝတ်ဖြင့် အုပ်ပါ။ ရေအနည်းငယ်ကို ပန်းကန်လေးဖြင့် ထည့်ပါ။ ကော်ပြန့်ရွက်တစ်ရွက်ကို ယူပြီး အစာအနည်းငယ်ကို ထည့်ပြီး လိပ်ပါ။ ပြီးလျှင် အနားသားကို ရေဆွတ်ပြီး ပိတ်ပါ။
Credit: KaeKae’s Food Palace