ပါဝင်ပစ္စည်းများ
- ကြက်သား
- ဆား
- ငရုပ်ကောင်းမှူန့်
- သကြား
- ဟင်းခတ်မှူန့်
- ဆီ
- ကြက်ဥ
- နှမ်းဖြူ
ပြင်ဆင်ပြုလုပ်နည်း
- ကြက်သားကို ဆေးကြောသန့်စင်ပြီး ဆား ၊ ငရုပ်ကောင်းမှူန့် ၊ သကြား ၊ ဟင်းခတ်မှူန့် တို့ဖြင့် ရောနယ်ကာ ၁နာရီခန့် နှပ်ထားပါ။
- ဒယ်အိုးထဲ ဆီပူအောင်တည်ပြီး နှပ်ထားသော ကြက်သားများကို ကြက်ဥရည်နဲ့ နှစ်ပြီး နှမ်းဖြူနဲ့လူးကာ ဆီပူပူထဲ ၁၀မီနစ်ခန့် ကြော်ပြီး မီးအရှိန်လျှော့ကာ ၁၅မီနစ်ခန့့် ကြွတ်အောင်ကြော်ပြီး ဆီစစ်အအေးခံကာ သုံးဆောင်နိုင်ပါပြီး ။
Credit: Thida Lay Lay