ပါဝင်ပစ္စည်းများ
- ကြက်ရင်ဖုန်သား – ၃၀ ကျပ်သား (သေးသေး အတုံးတုံးထားပါ)
 - ကြာဇံ – ၁ ထုပ် (ရေစိမ်ထားပါ)
 - ကြက်သွန်ဖြူ – ၃ မွှာ (ထောင်းထားပါ)
 - ကြက်သွန်နီ – ၃ လုံး (ထောင်းထားပါ)
 - ဆီ – ၂ ဇွန်း စားပွဲဇွန်း
 - ငံပြာရည် – ၂ ဇွန်း လ္ဘက်ဇွန်း
 - ဆား – ဝ.၂၅ (၁/၄) ဇွန်း လ္ဘက်ဇွန်း
 - လေးညှင်း – ၃ ပွင့်
 - ငရုတ်သီးစိမ်း – ၃ တောင့် (ထိပ်ပဲညှပ်ထားပါ)
 - ခနောကြက်သားမှုန့် – ၁ ဇွန်း ခွဲ စားပွဲဇွန်း
 - ကြက်ပြုတ်ရည် – ၂ ခွက် ခွဲ
 - နံနံပင် – ၅ ပင် (ခပ်ကြမ်းကြမ်းလှီးထားပါ)
 - ချင်း – လက် ၁ ဆစ် ခွဲ (ထောင်းထားပါ)
 
ပြုလုပ်နည်း
- အိုးထဲ ဆီထည့်ပြီး ဆီပူလျှင် ကြက်သွန်ဖြူ၊နီ၊ ချင်း ၊ လေးညှင်း ကိုဆီသတ်ပါ။ ရွှေရောင်သန်းလာလျှင် ကြက်သားတုံးများရောပြီး ကြက်သား အသားညိုလာသည်အထိဆီသတ်ပါ။ ငံပြာရည် နှင့် ငရုတ်သီးစိမ်းထည့်ပြီး နှံ့အောင်မွှေပါ။
 - ကြက်အိုးထဲ ကြက်ပြုတ်ရည်ထည့်ပြီး ဆူအောင်တည်ပါ။ ရေဆူလာလျှင် ကြာဇံ နှင့် ကျန်ပါ ပစ္စည်းများ ထည့်ပါ (နံနံပင်ကလွဲလို့)။ ကြာဇံနူးလျှင် မီးပိတ်ပြီး နံနံပင်ဖြူးပါ၊ ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။
 
Knorr