သီတင်းကျွတ်ပိတ်ရက်တွေမှာ အိမ်မှာနေရင်းနဲ့ အလွယ်တကူလုပ်စားနိုင်မယ့် ကျောက်ကျောထိုးနည်းလေးကို ပြောပြပေးချင်ပါတယ်။ အရသာကလည်း ချောကလက်နို့စိမ်းလေးနဲ့ဆိုတော့ စားလို့ကောင်းမှာအသေအချာပါ။

ပါဝင်ပစ္စည်းများ

  • တယ်လီဖုန်းတံဆိပ်ကျောက်ကျော – ၂၅ ဂရမ်( အထုပ်သေး)
  • ရေသန့်တစ်ဗူး(သို့)ရေနို့ဆီခွက် – ၄ ခွက်
  • နို့စိမ်းဗူးသေး – ၁ ဗူး
  • နို့ဆီ – ဗူးဝက်
  • သကြား – ၁၅ ကျပ်သား
  • ချောကလက်အမှုန့် – ၅ ဇွန်းခန့် (ထမင်းစားဇွန်း)
  • ဆား – တစ်ဇွန်း (လက်ဖက်ဇွန်း)

ပြင်ဆင်ပြုလုပ်နည်း

  1. ကျောက်ကျောမှုန့်နဲ့ ရေ ၊ သကြား ၊ ဆားတို့ကို ရောမွှေပြီး ၂အိုးခွဲပါ ။
  2. ပထမအိုးထဲကို ချောကလက်အမှုန့်ထည့်မွှေကာ မီးဖိုပေါ် မီနစ်၂၀ခန့်ကျိုပြီး ဗန်းထဲလောင်းထည့်ပါ ။
  3. ပြီးလျှင် ဒုတိယအိုးထဲသို့ နို့ဆီနဲ့ နို့စိမ်းဖောက်ထည့်၍ မီနစ်၂၀ထပ်ကျိုပြီး ပထမ လောင်းထားတဲ့ ချောကလက်ပေါ်သို ထပ်လောင်းထည့်ပြီး အအေးခံပြီး လှီးဖြတ်စားသုံးနိုင်ပါပြီး ။

Credit: Thida Lay Lay