သင်္ကြန်အတွက် လုပ်စားလို့ရတဲ့ မုန့်လေးများ –
သင်္ကြန် နဲ့ ကျောက်ကျော ကတော့ အတွဲ ညီညီတွဲလို့ ရသော အချိုပွဲလေးပါ။ ကျောက်ကျောကို တစ်ယောက်စာ စားလို့ရမဲ့ ပုံစံလေးတွေ လုပ်ပြီး ရေကစား ပြန်လာသူတွေကို အစာပြေကျွေးတော့ သိပ်အဆင်ပြေပါတယ်။ လုပ်စားကြည့်လိုက်နော်….
ပါဝင်ပစ္စည်းများ
- ကျောက်ကျော – ၂ ထုပ် (တယ်လီဖုန်းပုံ ကျောက်ကျော)
- သကြား – ၁ ခွက် နှင့် ၃/၄ ပုံ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
- ဆား – ၁ ဇွန်း (လက်ဖက်ဇွန်း)
- ဂျယ်လီမှုန့် – ၁ ဇွန်း ခွဲ (လက်ဖက်ဇွန်း/ရေနွေးလေးဖြင့် ဖျော်ထားပါ)
- ရေ – ၅ ခွက် (မုန့်လုပ်ရန် တိုင်းသောခွက်)
- အုန်းသီးရည် – ၂ ခွက် (လတ်ဆတ်သော အုန်းသီးခွဲမှ ရသောအရည်)
- အုန်းနို့ရည် – ၁ ခွက်
- ထန်းလျက် – ၁၀ ကျပ်သား (ကြိုထားပါ)
- အုန်းသီး – ၁ ခြမ်း (အသားများ ခြစ်ထားပါ)
ပြုလုပ်နည်း
- မကပ်သော စောက်နက်အိုးထဲကို အုန်းသီးရည်၊ အုန်းနို့ရည် ၊ ရေထည့်ပြီး မီးအနေတော်ဖြင့် တည်ပါ။ အရည်များ ပူပြီး ပွတ်လာလျှင် ကျောက်ကျော၊ သကြား ၊ ဂျယ်လီမှုန့် နှင့် ဆား တို့ထည့်ပြီး သကြားအရည် ပျော်တဲ့အထိ တည်ပါ။ အဆက်မပြတ် မွှေပေးပါ။ ပွတ်ပွတ် ဆူလာလျှင် မီးဖိုပေါ်မှ ချပြီး ကပ်ကိတ်ခွက်လေးတွေထဲ လောင်း ထည့်ပါ။
- အနည်းငယ် အအေးခံပြီး အပေါ်ယံ နည်းနည်း တင်းလာလျှင် ကြိုထားသော ထန်းလျက်အရည်ကို လက်ဖက်ဇွန်း တစ်ဇွန်းစီလောက် ကျောက်ကျောပေါ်မှ ဆန်းလိုက်ပါ။ ပြီးလျှင် ရေခဲသေတ္တာထဲ အအေးခံထားပါ။ ၂၀ – ၂၅ မိနစ်လောက် အအေးခံထားပြီးလျှင် ခွက်လေးများထဲမှ ထုပ်ပြီး အုန်းသီးဖတ်လေးများ၊ ထန်းလျက် ဆန်းပြီး သုံးဆောင်နိုင်ပါသည်။ အအေးကြိုက်သူများ အတွက် စားခံနီးမှ ရေခဲသေတ္တာထဲမှ ထုပ်စားတာကောင်းပါတယ်။