ပါဝင်ပစ္စည်းများ
ကြက်သား
ကြက်သွန်ဖြူ
ပဲစိမ်းမှုန့်(မွှေး) တစ်ထုပ်
အုန်းနို့ရည်
ငံပြာရည် အနည်းငယ်
အသားမှုန့် အနည်းငယ်
ဆီ
ကြက်သွန်နီဥ
ပဲသွေး
ခေါက်ဆွဲ
အိုးဘဲဥ
ပဲကြော်
ပဲသွေး
နံနံပင်
ငရုတ်သီး
သံပုရာသီး
ပြုလုပ်နည်း
ကြက်သားကို ရေဆေးပြီး ပြုတ်ပါ ။ နူးလာလျင် အသားတွေကို ကြက်သွန်ဖြူနှင့် ဆီသတ်ပါ။ဟင်းရည်ကို ရေထပ် ထည့်ပြီး ဆူအောင် တည်ပါ။
ပဲစိမ်းမှုန့်(မွှေး) တစ်ထုပ်ကို ရေဖျော်ပြီး ဟင်းရည်အိုး ထဲသို့ ထဲြ့ပီး ကျေအောင်မွှေနေပါ။
ဟင်းရည် ပွက်လာလျင် အုန်းနို့ရည်ထည့်ပါ။ (ကျွန်မကတော့ ယိုးဒယားက လာတဲ့ အုန်းနို့အရည်၊ အမှုန့်တွေ သုံးပါတယ်။ အလွယ်တကူ ရတာပေါ့)
ပြီးလျင် ဆီသတ်ထားတဲ့ ကြက်သားတွေကို ဟင်းရည်အိုးထဲ ထည့်ပါ။ ငံပြာရည် ၊ အသားမှုန့် ၊ ကြက်သွန်နီဥ ၊ပဲသွေး ထည့်ပြီး မွှေပါ။ ဟင်းရည် ကျလာရင် မီးပိတ်ထားပါ။
ခေါက်ဆွဲဖတ်တွေ ပြုတ်ထားပါ။ အိုးဘဲဥ ၊ ပဲကြော် ၊ ပဲသွေး ၊ နံနံပင်၊ ငရုတ်သီး ၊ သံပုရာသီး ထည့်ပြီး စားနိုင်ပါပြီ။
(ကျွန်မ ချက်နည်းကို share ခြင်းပါ ။ တစ်ခြား နည်းများနှင့် ကွဲပြားနိုင်ပါသည်။)
Credit: Phyu Thin Shwe