ပါဝင်ပစ္စည်းများ
- ပြောင်းဖူး – ၂ဖူး
- Seafood Stick – ၅ချောင်း
- ကြက်သွန်မြိတ် – အနည်းငယ်
- သကြား – အနည်းငယ်
- ကြက်သားမှုန့် – အနည်းငယ်
- ဆား – အနည်းငယ်
- ပြောင်းမှုန့် – (၃ ဇွန်း)
- ကြက်ဥ – ၂ လုံး
ပြင်ဆင်ပြုလုပ်နည်း
အရင်ဆုံး ရေ ၈၅၀ မီလီလီတာကို ကြက်သားမှုန့် ၁ဇွန်းထည့်ပြီး မီးဖိုပေါ်တွင် တည်ထားပေးပါ။
ပြီးရင်ပြောင်းဖူး ၂ ဖူးကို လှီးပြီ Blender ထဲထည့်ကြိတ်ပေးပါ။ Seafood Stick နဲ့ကြက်သွန်မြိတ်ကို ပါးပါးလှီးပေးထားပါ။ ကြက်ဥ နှစ်လုံးကို ခွက်တလုံးထဲတွင် အလယ်က အနှစ်အဝါကိုဖယ်ပြီး ခလောက်ထားပေးပါ။
အိုးထဲက ရေဆူလာရင် အရင်ဆုံး ပြောင်းဖူးနဲ့ Seafood Stick ကိုအရင်ထည့်ပေးပါ။ ၄- ၅မိနစ်လောက်နေရင် ပြောင်းဖူးမှုန့်ကို ရေဖျော်ပြီးထည့်ပေးပါ။ သကြား ၁ဇွန်းထည့်ပါ။ ပြောင်းဖူးမှုန့်ကြောင့် အရည်တွေ ခပ်ပျစ်ပျစ် ဖြစ်လာပြီဆိုရင် မီးပိတ်ပြီး ကြက်ဥ ထည့်ပေးပါ။
အဆက်မပြတ် ၁ မိနစ်လောက် မွှေပေးပါ။ ပြီးရင် အပေါ့အငန် မြည်းကြည့်ပါ ။ ပေါ့နေရင် ဆားအနည်းငယ် ထည့်ပေးပါ။ ပြီးရင် လှီးထားသော ကြက်သွန်မြိတ်ဖြူးပြီး သုံးဆောင်နိုင်ပါသည်။
Credit: Shwe Myanmar Advertisement