ပါဝင်ပစ္စည်းများ

ကြက်ဟင်းခါးသီး

ဆား

နနွင်း

အရသာမှုန့် (သို့) အချိုမှုန့်

ဆီ

ကြက်သွန်ဖြူ

ကြက်သွန်နီ

ပုဇွန်ခြောက်

ငရုပ်သီးမှုန့်

ပြင်ဆင်ပြုလုပ်နည်း

ကြက်ဟင်းခါးသီးကို အကွင်းလိုက်လေးတွေ လှီးပါ။ ဆား၊ နနွင်း၊ အရသာမှုန့်၊ (အမဲသားမှုန့် ရှိရင်လည်) တို့နှင့် လှီးထားသော ကြက်ဟင်းခါးသီးနှင့် နယ်ထားပါ။

ပြီးရင် ဆီအိုးတယ်ပြီး ကျွတ်ကျွတ်လေးဖြစ်အောင် မီးဖြေးဖြေးနဲ့ ကြော်ပါ။ ဒီအတိုင်းကို စားကောင်းပါတယ်။ ခါးလဲ မခါးပါဘူး။

နောက်တခုကတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို စိတ်စိတ်လေးလှီးပါ။ ပုဇွန်ခြောက်ထောင်းထားပါ။ ပြီးရင် ကြက်သွန်ဖြူ နှင့် ကြက်သွန်နီကို နွမ်းအောင် ဆီသတ်ပါ။

ငရုပ်သီးမှုန့် ထည့်ပါ။ ပြီးရင် ပုဇွန်ခြောက်ထည့်ပါ ။ အနည်းငယ် ကြွတ်အောင်ထားပြီး အစောက ကြက်ဟင်းခါးသီးကြော်ထားတာနဲ့ ရောလိုက်ပါ။ ထမင်းမိန်စေတဲ့ အရံဟင်းလေး တခွက်ရပါပြီ။

Credit: မနီ (နော်ဝေး)