အီတာလျံ Restaurant တွေရဲ့ နာမည်ကျော် Main Course တမျိုးဖြစ်တဲ့ အမဲကြော်ပါ။ အပြင်က ကြွပ်ကြွပ်ရွရွလေးဆိုပေမယ့် အတွင်းသားကတော့ နူးအိနေတာပဲနော်။
လိုအပ်သောပစ္စည်းများ
- အမဲသားပြား – နှစ်ပြား
- ချိစ့် – ခွက်တဝက်
- ပေါင်မုန့်ခြောက် (Bread Crumbs) ခွက်တဝက်
- ကြက်ဥ – တလုံး
- နို့ – တခွက်
- ဆားနဲ့ ငရုတ်ကောင်း အနည်းငယ်
- ဆီ
ပြင်ဆင်ပြုလုပ်နည်း
၁။ ကြက်ဥတလုံးနဲ့ နို့တခွက် ရောပြီးခေါက်ပါ ။
၂။ ပေါင်မုန့်ခြောက် ခွက်တဝက်နဲ့ ချိစ့် ခွက်တဝက် ရောပြီး မွှေထားပါ ။
၃။ အမဲသားကို ဆား ငရုတ်ကောင်း လူးပါ ။
၎။ အမဲသားပြားကို ကြက်ဥရည်ထဲ ထည့်စိမ်ပြီး ချိစ့်နဲ့ ပေါင်မှုန့်ခြောက် ရောထားတဲ့ ပုဂံထဲ နှုစ်ပြီး သေချာ coated လုပ်ပါ ။
၅။ ဆီနည်းနည်းနဲ့ ကြော်ပါ ။ တဖက်စီ လှန်ပေးပါ ။ ကျက်ရင် နှစ်သက်ရာ Salad သို့မဟုတ် သံပုရာစိတ်လေးနဲ့ သုံးဆောင်နိုင်ပါပြီး ။
Credit: Food Madness