Crispy Korean Fried Chicken (Dakgangjeong) – ကိုရီးယား ကြက် အကြွပ်ကြော်သည် အနံ့ အရသာဖြင့် ပြည့်စုံပြီး ကလေးများ အလွန်ကြိုက် နှစ်သက်သလို ၊ လူကြီးလူငယ်များလည်း သူငယ်ချင်းများ ဝိုင်းဖွဲ့ စားသောက်သောအခါ ၊ ပါတီပွဲများ ပြုလုပ်သည့် အခါ အလွန် စားကောင်းလှသည့် အစားအစာ တစ်ပွဲလည်း ဖြစ်ပါသည်။
ပါဝင်ပစ္စည်းများ
- ကြက်သား – ၁ ကီလိုခွဲ (တစ်ကောင်)
- ဆား – ဇွန်းတစ်ဝက် (လဖက်ရည်ဇွန်း)
- ငရုပ်ကောင်းမှုန့် – ဇွန်းတစ်ဝက် (လဖက်ရည်ဇွန်း)
- ဂျင်း – (အနည်းငယ်)
- (ဆော့ပြုလုပ်ရန်)
- ဆီ – ၂ ဇွန်း (စားပွဲတင်ဇွန်း)
- ကြက်သွန်ဖြူ – ၄ မွှာ (နုပ်နုပ်စဉ်းပါ)
- ငရုပ်သီး အရှည်ခြောက် – ၅ တောင့် (လက်တစ်ဆစ်ခန့်လှီးပါ)
- ပဲငံပြာရည် အကြည် (Soy-Sauce) – ၄ ဇွန်း (စားပွဲတင်ဇွန်း)
- Rice-Syrup – ၈ ဇွန်း (စားပွဲတင်ဇွန်း) = ပုံဖြင့် ပြထားသည်။
- ရှာလကာရည် – ၁ ဇွန်း (စားပွဲတင်ဇွန်း)
- Mustard Sauce – ၁ ဇွန်း (စားပွဲတင်ဇွန်း) = ပုံဖြင့် ပြထားသည်။
- သကြား အညို – ၁ ဇွန်း (စားပွဲတင်ဇွန်း)
ပြုလုပ်နည်း
- ကြက်သား ၊ ဆား ၊ ငရုပ်ကောင်းမှုန့် ၊ ဂျင်း တို့ဖြင့် ကြက်သားကို ရောနယ်ပြီး နှပ်ထားပါ။ ထို့နောက် ဇလုံတစ်ခုထဲတွင် Potato Starch (အာလူးအကြော်မှုန့်) ၊ မရှိရင် Corn Starch (ပြောင်းဖူးအကြော်မှုန့်) သုံးလို့ ရပါတယ် ။ အကြော်မှုန့်များဖြင့် ကြက်သား တစ်တုံးစီအား လူးပေးပါ ။
- ကြက်သားကိုပိုပြီး ကြွပ်ရွ(Crispy)ဖြစ်စေရန် ၂-ကြိမ် ကြော်ပေး ရပါတယ် ။
- ကြက်ကြော်ထားသည့် ဆီထဲသို့ ဇကာခံပြီး မြေပဲ လက်တစ်ဆုတ်စာကို ၃၀ -စက္ကန့် ထည့်ကြော်ပါ ။(မြေပဲအရောင်ပြောင်းလျှင်) ဆယ်ယူပြီး ပန်းကန် တစ်ခုထဲသို အသင့် ထည့်ထားပါ ။
- ထို့နောက် မီးကို တစ်ဝက်ချပြီး ကြက်သားများကို ဒုတိယအကြိမ် ရွှေဝါရောင်ပေါက်သည်ထိ ကြော်ပြီး ဇကာဖြင့် ဆီစစ်ထားပါ ။
(ဆော့ပြုလုပ်နည်း)
- ဒယ်အိုး တစ်ခုထဲသို့ ဆီ ၊ ကြက်သွန်ဖြူ ၊ ငရုပ်သီးအရှည်ခြောက် ၊ ပဲငံပြာရည်အကြည် (Soy-Sauce) ၊ Rice-Syrup ၊ ရှလကာရည် ၊ Mustard Sauce ၊ သကြားအညိုတို့ အားလုံးကို ရောထည့်ပြီး မီးအေးအေးဖြင့် မွှေပေးပါ ။
- အနံ့မွှေးလာပါက ဆီ စစ်ထားသည့် ကြက်ကြော်များ ရောထည့်ပြီး သမအောင် မွှေပေးပါ ။ ထို့နောက် အသင့် ကြော်ထားသည့် မြေပဲကို အနည်းငယ် ထောင်းပြီး ထည့်ကာ အရသာရှိစွာ စားသုံးနိုင်ပါသည် ။
Credit: ဇွဲသုသု