အားလုံးပဲမင်္ဂလာပါ။ ကန်စွန်းဥဆိုတာ ဗီတာမင်ဓာတ် အမျှင်ဓာတ် ပရိုတင်းဓာတ် စသည်ဖြင့် ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေမယ့် အဟာရဓာတ်များစွာပါဝင်တဲ့ဥတစ်မျိုးဖြစ်ပါတယ်။ များသောအားဖြင့်ကန်စွန်းဥကိုပြုတ်၍ သို့မဟုတ် မီးဖုတ်၍စားကြတာပါ။ ဒီတစ်ခေါက်မှာတော့ ကန်စွန်းဥကိုစားနေကျပုံစံနဲ့ မတူပဲ ကြွပ်ကြွပ်ရွှရွှလေးနဲ့ စားကောင်းစေမယ့် ကန်စွန်းဥအကြွပ်ကြော်ပြုလုပ်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကန်စွန်းဥအလုံးကြီး ၂ လုံး
  • ပြောင်းဖူးကော်မှုန့် ၂ ဇွန်း
  • ဆားအနည်းငယ်
  • ငရုပ်ကောင်း ၁ ဇွန်း
  • ငရုပ်သီးအရောင်တင်မှုန့် ၁ ဇွန်း
  • ဟင်းသီးဟင်းရွှက်ဆီ
  • ရေ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံး ကန်စွန်းဥကို အခွံနွှာပြီး ကြော်ရန်အသင့်အရွှယ်အစားအချောင်းလေးတွေ တုံးပေးပါ။ကန်စွန်းဥလှီးနေစဉ်အတွင်း ဒယ်အိုးတစ်လုံးအတွင်း ရေ ၃ ခွက်ခန့်ထည့်ကာတည် ထားပေးပါ။ကန်စွန်းဥတွေအားလုံးလှီးဖြတ်သွားပြီဆိုရင်တော့ ကန်စွန်းဥအချောင်းလေးတွေကို ရေဆေးသန့်စင်ပေးပါ။

(၂) ထို့နောက်ရေနွေးဆူလာပြီဆိုရင် ကန်စွန်းဥအချောင်းလေးတွေကို ရေနွေးငွေ့ဖြင့်ပေါင်းခံဖို့ အကင်သံဇကာ သို့မဟုတ် ဇကာပါတဲ့ ပေါင်းအိုးတစ်ခုအတွင်းသို့ ကန်စွန်းဥအချောင်း လေးတွေကို စီစီရီရီထည့်ပေးပါ။ထို့နောက်ကန်စွန်းဥတင်ထားတဲ့ ဇကာကို ရေနွေးအိုးအပေါ်သို့တင်ပြီး ၁၀ မိနစ်ခန့် ပေါင်းခံ ပေးပါ။

(၃) ကန်စွန်းဥကိုပေါင်းခံပြီးမှကြော်ခြင်းအားဖြင့် ကန်းစွန်းဥအတွင်းထဲအထိကျက်သွားမှာဖြစ်ပြီး ကြွပ်ကြွပ်ရွှရွှလေးနဲ့ အရသာပိုပြီးစားကောင်းမှာဖြစ်ပါတယ်။ထို့နောက် ပြောင်းဖူး ကော်မှုန့် ၂ ဇွန်းကို ရေအနည်းငယ်ထည့်ကာဖျော်ပေးပါ။အရောင်လှဖို့အတွက် ငရုပ်သီးအရောင်တင်မှုန့် ၁ ဇွန်းရောထည့်ပြီး ဖျော်ပေးပါ။

(၄) ကန်စွန်းဥပေါင်းထားတဲ့အချိန်လည်းပြည့်ပြီဆိုရင်တော့ ကြော်ဖို့အတွက် ဒယ်အိုးတစ်ခုအတွင်း ဟင်းသီးဟင်းရွှက်ဆီထည့်ပြီး အပူပေးပါ။ ဆီဆူလာပြီဆိုရင်တော့ ကန်စွန်းဥအချောင်းလေးတွေကို ကော်မှုန်အရည်ထဲနှစ်ပြီး ဆီအိုးအတွင်း ၃ မိနစ်ခန့်ကြော်ပေး ရပါမယ်။ကန်စွန်းဥအချောင်းလေးတွေအားလူံးကြော်ပြီးပြီဆိုရင်တော့ ဆီစစ်ပြီး ကြိုက်နှစ်သက်ရာပန်းကန်တစ်ခုအတွင်းထည့်ကာ ဆော့စ်ချဉ် မရောနိစ်တို့နဲ့ အရသာရှိရှိတွဲဖက်စားသုံး နိုင်ပါပြီ။

Source : hungryhuy