ငါးခုံးမ ပေါက်စလေးတွေလေ မီးအေးအေးနဲ့ ကျွတ်ကပ်အောင် ချက်ရတယ် ၊ အရမ်းမွှေလို့ မရပါဘူး ကြေမှာ စိုးလို့ပါ ။ စိတ်တော်တော် ရှည်ရပါတယ်။
ပါဝင်ပစ္စည်းများ
- ငါးခုံးမပေါက်လေးများ
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ဂျင်း
- စပါးလင်
- နနွင်း
- ငြုပ်ပွခြောက် ၂ တောင့်
- ပျဉ်တော်သိမ်းရွက်
- ဆီ
- အချိုမှုန့်
- ပင်စိမ်းအုပ်
ပြုလုပ်နည်း
- ငါးခုံးမပေါက်လေးတွေကို စိတ်ရှည်လက်ရှည် အကြေးခွံနွာ ၊ ရေစိမ်ပြီး ၊ သဲကုန်အောင် ဆေးပါ။ ပြီးလျင် ဆား ၊ နနွင်း ၊ အချိုမှုန့် နယ်နှပ်ထားပါ။
- ငြုပ်ပွခြောက် ၂ တောင့်လောက်ကို ရေနွေး စိမ်ပြီး ဂျင်း ၊ စပါးလင်၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ညက်အောင်ထောင်းပါ။
- ပြီးလျင် ဆီ နိုင်အောင် သက်ပါ။ ပြီးလျင် ပျဉ်တာ်သိမ်ရွက်လေးထည့် ၊ ငါးလေးထည့်ပြီး ငြုပ်စုံထဲမှ ရေအနည်းငယ်ကို ကျင်းထည့်ပါ။
- ဖွဖွလေးမွှေ ၊ ခဏအုပ်ထား ၊ ၃မိနစ်လောက်ကြာရင် ဒယ်အိုးကို အသာမပြီး လှုပ်ပေးပါ။
- မီးအနည်းငယ်လျှော့ပြီး ကြာလာရင် ရေကုန်ပြီး ဆီနဲ့ အိုးမကပ် တကပ်လေးဖြစ်ပြီး ကြွတ်လာရင် မိးဖိုပေါ်မှ ချပြီး ပင်စိမ်းအုပ်ပါ။
Credit: Ko Thank