ငါးခုံးမ ပေါက်စလေးတွေလေ မီးအေးအေးနဲ့ ကျွတ်ကပ်အောင် ချက်ရတယ် ၊  အရမ်းမွှေလို့ မရပါဘူး ကြေမှာ စိုးလို့ပါ ။ စိတ်တော်တော် ရှည်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးခုံးမပေါက်လေးများ
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဂျင်း
  • စပါးလင်
  • နနွင်း
  • ငြုပ်ပွခြောက် ၂ တောင့်
  • ပျဉ်တော်သိမ်းရွက်
  • ဆီ
  • အချိုမှုန့်
  • ပင်စိမ်းအုပ်

ပြုလုပ်နည်း

  1. ငါးခုံးမပေါက်လေးတွေကို စိတ်ရှည်လက်ရှည် အကြေးခွံနွာ ၊ ရေစိမ်ပြီး ၊ သဲကုန်အောင် ဆေးပါ။ ပြီးလျင် ဆား ၊ နနွင်း ၊ အချိုမှုန့် နယ်နှပ်ထားပါ။
  2. ငြုပ်ပွခြောက် ၂ တောင့်လောက်ကို ရေနွေး စိမ်ပြီး ဂျင်း ၊ စပါးလင်၊  ကြက်သွန်ဖြူ ၊  ကြက်သွန်နီ ညက်အောင်ထောင်းပါ။
  3. ပြီးလျင် ဆီ နိုင်အောင် သက်ပါ။ ပြီးလျင် ပျဉ်တာ်သိမ်ရွက်လေးထည့် ၊ ငါးလေးထည့်ပြီး ငြုပ်စုံထဲမှ ရေအနည်းငယ်ကို ကျင်းထည့်ပါ။
  4. ဖွဖွလေးမွှေ ၊ ခဏအုပ်ထား ၊ ၃မိနစ်လောက်ကြာရင် ဒယ်အိုးကို အသာမပြီး လှုပ်ပေးပါ။
  5. မီးအနည်းငယ်လျှော့ပြီး  ကြာလာရင် ရေကုန်ပြီး ဆီနဲ့ အိုးမကပ် တကပ်လေးဖြစ်ပြီး ကြွတ်လာရင် မိးဖိုပေါ်မှ ချပြီး ပင်စိမ်းအုပ်ပါ။

Credit: Ko Thank