ပါဝင်ပစ္စည်းများ
- ဂွေးတောက် (ခြွေထားပါ)
- ဆူးပုတ်ရွက် (ခြွေထားပါ)
- ပုဇွန်ခြောက် (ရေနွေး စိမ်ထားပါ)
- ခရမ်းချဉ်သီး (ပါးပါးလှီးထားပါ)
- ကြက်သွန်နီ (ပါးပါးလှီးထားပါ)
- ဆီ အနည်းငယ်
- ဆား အနည်းငယ်
- အချိုမှုန့် အနည်းငယ်
ပြုလုပ်နည်း
- ခြွေထားသော ဂွေးတောက် နဲ့ ဆူးပုတ်ရွက်ကို သန့်စင်အောင် ရေဆေးပြီး စစ်ထားပါ။ ဒယ်အိုးထဲတွင် ဆီ အနည်းငယ်ထည့်၍ ဆီပူလာလျင် ကြက်သွန်နီကို ထည့်ပါ။
- ပြီးလျင် ခရမ်းချဉ်သီး၊ ပုဇွန်ခြောက်၊ ဆား ၊ အချိုမှုန့် တို့ကို ထည့်ပါ။ ပြီးလျင် ရေနွေး အနည်းငယ် ထည့်၍ အဖုံးအုပ်ထားပါ။
- ရေတပွက် နှစ်ပွက် ဆူလျင် ဂွေးတောက်ရွက်ကို အရင်ထည့်ပါ။ ဂွေးတောက်ရွက် နူးခံနီးမှ ဆူးပုတ်ရွက်ကို ထည့်ပါ။
- အရသာ အပေါ့အငံ မြည်း၍ ဆူးပုတ်နံ့သင်းသင်းနဲ့ ခါးသက်သက် အရသာ ရှိသော ဂွေးတောက် – ဆူးပုတ်ရွက်ကြော်ကို သုံးဆောင်နိုင်ပါပြီ။
Credit: Phyu Phyuhnin