ပါဝင်ပစ္စည်းများ
- ငါးခြောက် ၂၀ သား
- ကုလားပဲ လက်တဆုပ် (ပြုပ်ထားပါ)
- ရုံးပတီသီး ၈ တောင့်
- ခရမ်းချဉ်သီး ၃ လုံး (ပါးပါးလှီးထားပါ)
- ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ ၅ မွှာ (ထောင်းထားပါ)
- ဂျင်း အနည်းငယ် (ထောင်းထားပါ)
- နနွင်းမှုန့် အနည်းငယ်
- အရောင်တင်မှုန့် အနည်းငယ်
- မကျည်းနှစ် အနည်းငယ်
- ငရုတ်သီးစိမ်း
- ဆီ ၅ကျပ်သား
- ဆား အနည်းငယ်
ပြုလုပ်နည်း
- ငါးခြောက် တလက်မခန့် အတုံးလေးများ တုံး၍ ရေစင်အောင် ဆေးပြီး ရေနွေးနွေးထဲတွင် စိမ်ထားပါ။ အိုးထဲတွင် ဆီထည့်၍ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း ၊ နနွင်းမှုန့် နှင့် အရောင်တင်မှုန့် တို့နှင့် ဆီသတ်ပါ။
- ကြက်သွန်နွမ်းသွားလျင် ခရမ်းချဉ်သီးကို ထည့်ပါ ။ ခရမ်းချဉ်သီးများကြေ၍ အနှစ်ဖြစ်လာလျင် တုံးထားသော ငါးခြောက်များ ထည့်၍ ရေထည့်ပြီး အဖုံးအုပ်၍ မီးအေးအေးဖြင့် တည်ပါ
- ငါးခြောက်များ နူးကာနီးလျင် ပြုတ်ထားသော ကုလားပဲများကို ထည့်၍ နှံ့အောင်နယ်ပါ။ ပြီးလျင် မကျည်းနှစ် ကို အရည်ဖျော် ထည့်ပါ။
- ထို့နောက် ငရုတ်သီးစိမ်း နှင့် ရုံးပတီသီး တို့ကို ထည့်ပြီး ၅မိနစ်ခန့် ထားပါ။
- ထို့နောက် အရသာ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ။ အချိုမှုန့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။
MyFood Myanmar