ငါးရှဉ့်မဆလာကို ရိုးရိုးလေးပဲ ချက်ပါမယ်။ ဒီချက်နည်းက လွယ်ကူပြီး အရသာရှိပါတယ်။ တစ်ခြားငါးတွေကိုလည်း ဒီပုံစံနည်းအတိုင်း ချက်ပြုတ် ကြည့်နိုင်ပါတယ်။ အခုချိန်မှာ ငါးရှဉ့်ကို ဈေးတွေမှာ တစ်ခါတည်း အရိုးထုတ်ပြီး ရောင်းလေ့ ရှိပါတယ်။ အရိုးထုတ်ပြီးမဟုတ်လည်း အကောင်လိုက်ကို တုံးပြီး ချက်ပြုတ်နိူင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငါးရှဉ့် – ၃၀ကျပ်သား
- ကြက်သွန်ဖြူ – ၅ တက်
- ကြက်သွန်နီ – ၂လုံး
- ငရုတ်သီးလှော်မှုန့် – ၁ ဇွန်း ( ထမင်းစားဇွန်း)
- မဆာလာ – ၁ ဇွန်း(ထမင်းစားဇွန်း)
- နနွင်းမှုန့် – အနည်းငယ်စီ
- အရောင်တင်မှုန့် – အနည်းငယ်စီ
- မန်ကျည်းသီးမှည့် – ၂ ဇွန်း ( ရေနွေးစိမ်ထားရန်)
- ရှမ်းနံနံ – ၅ ပင်( ပါးပါးလှီး )
- ငါးငံပြာရည် – ၂ ဇွန်း ( ထမင်းစားဇွန်း)
- သကြား – ၁ ဇွန်း ( လက်ဖက်ရည်ဇွန်း)
- ပာင်းခတ်မှုန့် – အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း
- ငါးရှည့်အကောင်လိုက်ဆိုရင် ပြာရည် ၊ မန်ကျည်းမှည့်ရည်တို့ နှင့် ဆေးလို့ ရပေမယ့် အရိုးထုတ်ပြီးသားဆိုရင်တော့ မန်ကျည်းမှည့်ရည်လေးနဲ့သာ ဆေးပြီး ရေစစ်ထားပါ ။ ပြီးမှ ၂ -၃ လက်မ အရှည်လေးတွေ လှီးဖြတ်ပြီး ဆားအနည်းငယ်နှင့် နယ်ထားပါ ။
- ကြက်သွန်နီ ၊ ကြက်သွန်ဖြူကို ညှက်နေအောင်ထောင်းပါ ။
- ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကို အပူပေးပြီး ထောင်းထားသော အရောကို နနွင်းမှုန့် ၊ အရောင်တင်တို့ဖြင့် နွမ်းသွားသည်အထိ ဆီသတ်ပါ ။ မဆလာ ၊ ငရုတ်သီးအလှော်မှုန့် တို့ကိုလည်း ထည့်ပေါင်းပါ ။ ငါးရှဉ့်တွေကို ထပ်ပေါင်းထည့်ပြီး ပါဝင်သော အရသာများ ဖြည့်စွက်ကာ ၅ မိနစ်ခန့် အဖုံးပိတ်ပြီး ချက်ပါ ။ ဆီအနည်းငယ်ပြန်လာလျှင် မန်ကျည်းသီးမှည့်ကို ရေဖျော်ပြီး ထည့်ပေးပါ ။
- နောက်ဆုံး ပါးပါးလှီးထားတဲ့ ရှမ်းနံနံလေးတွေ ဖြူးထည့်လိုက်ရင် အဆင်သင့်ဖြစ်ပြီး တစ်မျိုးထူးခြားတဲ့ အရသာကို ပေးစွမ်းမှာ အသေအချာပါ ။ နံနံပင်လေးတွေနဲ့လည်း အလှဆင်နိူင်ပါတယ် ။
Credit: ဟင်းချက်နည်းများ