ပါဝင်ပစ္စည်းများ
- ကြက်ဥ
- ဆား
- ရှောက်ကော
- ပါ့ကော
- ငရုတ်ကောင်း
- ခရုဆီ
- ဂျင်း
- ကြက်သွန်ဖြူ
ပြုလုပ်နည်း
- ကြက်ဥပေါင်းအတွက် ကြက်ဥတွေကို ဖောက်ထုတ်ပြီး ဆား ၊ ရှောက်ကော ၊ ပါ့ကော ၊ ငရုတ်ကောင်း၊ ခရုဆီ ၊ ဂျင်း၊ ကြက်သွန်ဖြူအရည်ညစ်ထည့်ပါ။ ကြေအောင် ခလောက်ပါ ။ အမြှုပ်မထပါစေနှင့် ။
- ပြီးရင် အခွံထဲထည့်ပြီး မီးအေးအေးနဲ့၁၅မိနစ်ပေါင်းပါ ။ ချွေးမကျစေဖို့ အပေါ်က ခဲပတ်လေးအုပ်ပေးထားပါ ။
- ကြိုက်နှစ်သက်ရာ ဆော့စ်နဲ့ စားလို့ရပါပြီ ။
- ရေခဲသေတ္တာထဲ ဘူးလေးနဲ့အခွံမခွာဘဲလည်း ၃/၄ရက်သိမ်းလို့ရပါတယ် ။ ပြန်ကြော်စားမလား ၊ နွှေးစားမလား ကြိုက်နှစ်သက်ရာစားလို့ ရပါသည်။
- တရုတ်ဆိုင်တွေမှာရှောက်ကော ၊ ပါ့ကောလို့မေးဝယ်လို့ရပါတယ် ။
Credit: Aye Thandar Soe