ပါဝင်ပစ္စည်းများ (အကြော်အတွက်)
- ခရမ်းသီးရှည် – ၂ လုံး၊ ကြက်ဥ – ၁ လုံး
- ဂျုံမှုန့် – ၂ ခွက်(လက်ဖက်ရည်ပန်းကန်)
- ဘီယာ – ၁ ခွက်(လက်ဖက်ရည်ပန်းကန်)
- ဂျင်း – ပါးပါး (၂)ချပ်
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
ပြုလုပ်နည်း
ကြက်ဥ ၊ ဂျုံမှုန့် ၊ ဂျင်းထောင်းရည်နှင့် ဘီယာကို မုန့်နှစ်ရည် ဖြစ်သည်အထိ ခေါက်ပါ။
ငရုတ်ကောင်းမှုန့်လေး အနည်းငယ် ထည့်မွှေပေးပါ ။ မထူမပါးလှီးထားသော ခရမ်းသီးဝိုင်းလေးတွေကို မုန့်နှစ်ရည်မှာ နှစ်ပြီး ရွှေရောင်ရအောင် ကြော်ယူဆီစစ်ပါ ။
ပါဝင်ပစ္စည်းများ (ဒိန်ချဉ်ဆော့စ်)
ေ
* ဒိန်ချဉ် – ၁ ခွက်(လက်ဖက်ရည်ပန်းကန်)
* သကြား – ၁ ဇွန်း(ထမင်းစားဇွန်း)
* ဆား – လိုအပ်သလို
* ငရုတ်စိမ်းမှုန့်(အစပ်) – အနည်းငယ်
* ပူဒီနံရွက် – ၅ရွက်ခန့်
ပြုလုပ်နည်း
1. ဒိန်ချဉ်ထဲသို့ ဆား ၊ သကြားရည် ၊ ငရုတ်စိမ်းမှုန့်တို့ ထည့်ပြီး နို့ရည်ပုံစံ ရသည်အထိ မွှေပေးပါ ။ ပြီးလျှင် ပူဒီနံရွက်လေးများနှင့် အလှဆင်ပါ ။(မှတ်ချက် ။ ကျွန်တော်သုံးတဲ့အချိန် ပူဒီနံရွက်မရှိလို့ မသုံးထားရပါ)
Credit: ဟင်းချက်နည်းများ