မိုးရွာပြီဆိုတော့ ခြံထောင့်မှာ ကပ်စိုက်ထားတဲ့ ဆူးပုတ်ကလည်း အညွှန့်လေး တလူလူနဲ့ ။ ဒီနေ့လို ဈေးမသွားဖြစ်တာနဲ့ သတ်သက်လွတ် စားတဲ့သူ အတွက် ဆူးပုတ်ကို ငရုတ်သီးများများ နဲ့ ထောင်းလိုက်တော့လည်း ဟင်းတခွက် ရသွားတာပေါ့။ ပဲဟင်းချိုရယ် ဆူးပုတ်ထောင်းရယ် ကတော့ လိုက်မှလိုက်ပါဘဲ ။
ပါဝင်ပစ္စည်းများ
- ဆူးပုတ်ရွက်
- ကြက်သွန်ဖြူ
- ငြုပ်သီးစိမ်း
- ဟင်းချိုမှုန့် သံပုရာသီး ဆား ဆီ
- သံပုရာသီး
- ဆား
- ဆီ
ပြုလုပ်နည်း
- ဆူးပုတ်ရွက်များကို ခြွေပြီး အရင် ပြုတ်ပါ။ ပြီးလျင် အအေးခံပါ။
- ငြုပ်သီးစိမ်းကို ရေအနည်းငယ် နှင့် ထည့်ပြုတ်ပြီး ရေခမ်းသွားလျင် ငြုပ်သီးစိမ်း နှင့် အတူ ကြက်သွန်ဖြူ ကို ဒယ်အိုးထဲတွင် ထည့်၍ လှော်ပါ။
- ပြီးလျင် လှော်ထားသည့် ငြုပ်သီးစိမ်း နှင့် ကြက်သွန်ဖြူတို့ကို ဆား ၊ ဟင်းချိုမှုန့် တို့နှင့်အတူ ညက်နေအောင် ထောင်းပါ။
- ပြီးလျင် ဆူးပုတ်ရွက်ကို ထည့်ထောင်းပါ။
- အားလုံး နှံ့စပ်အောင် ထောင်းပြီးလျင် မိမိနှစ်သက်ရာ အစပ် အပေါ့ အငံ အနေတော်ဖြစ်လျင် ဆီစိမ်းလေး ဆမ်းပြီး ထားပါ။ စားကာနီးတွင် သံပုရာသီးကို အပေါ်မှ ညှစ်ချပါ။
MyFood Myanmar