မိုးအေးအေးနဲ့ ဆေးဖက်ဝင် မယ်ဇလီဖူး ဟင်းချို သောက်ကြဦးမလား။
ပါဝင်ပစ္စည်းများ
မယ်ဇလီဖူး – ၂ စည်း
ကြက်သွန်နီ – ၂ ဥ
ငါးခူ – ၂ ကောင်
ဟင်းခတ်မှုန့် – အနည်းငယ်
ပြုလုပ်နည်း
မယ်ဇလီဖူး ၂ စည်းလုံးကို ရေသန့်စင်အောင် ဆေးပြီး ရေနဲ့ ပြုတ်ထားပါ။
အခါး ကြောက်ရင် ပထမရေကို သွန်ပြီး နောက်တစ်ရေ ထပ်ပြုတ်ပါ။
မဲဇလီဖူး ပြုတ်ပြီးသားကို အဖူးလေးတွေခြွေ ပြီးရင် အနည်းငယ်ခြေပါ။
ငါးခူကိုလည်း ငံပြာရည်လေးနဲ့ ပြုတ်ပါ။ ငါးခူကျက်ရင် ငါးခူကို အသားနွှင်ပါ။
ငါးပြုတ်ရေ ဆူလာလျှင် ချေထားသော မယ်ဇလီဖူး များကိုထည့်ပါ။ ငါးခူ အသားနွှင်ထားတာ ထည့်ပါ။
ကြက်သွန်နီ ၂ လုံးကို လေးစိပ်စိပ်ပြီး အဖတ်လိုက် လေးတွေ အိုးထဲထည့်ပါ။ ဟင်းခတ်မှုန့်ထည့် အပေါ့အငန် မြည်းပြီး အိုးချလို့ ရပါပြီ။
အရသာက ခါးစိမ့် ချိုမွှေးလေးမို့ ဆေးဖက်လည်းဝင် ကျန်းမာရေး အတွက်လည်း အထူး ကောင်းမွန်ပါတယ်။
** ကျမဖေဖေ ငယ်ငယ်က မကြာခဏ ချက်ကျွေးတဲ့ ဟင်းတွေထဲက တစ်မျိုးပါ။ အရသာ ရှိတဲ့ဟင်းတွေ ချက်ကျွေးခဲ့တဲ့ ဖေဖေ့ကို အောက်မေ့သတိရ ကျေးဇူးတင်လျှက်ပါ။
Credit: Zin Mar