ပါဝင်ပစ္စည်း
- ငါး
- ပဲပုပ်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ခရမ်းချဉ်သီး
- ဆား
- ဟင်းချိုမှုန့်
- ကြက်သွန်နီမိတ်
- နံနံ
- ဖတ်ဖိုင်
- ရှမ်းနံနံ
- ဆနွန်း
- ဆီ
ပြုလုပ်နည်း
- ပဲပုပ်ကို မီးကင်ပြီး အအေးခံ၍ မှုန့်နေအောင် ထောင်းပါ။
- ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နုတ်နုတ်လှီးထားတဲ့ ခရမ်းချဉ်သီး ၊ဆား ၊ ဟင်းချိုမှုန့် ၊ ကြက်သွန်နီမိတ် ၊ နံနံပင် ၊ ဖတ်ဖိုင် ၊ ရှမ်းနံနံ ၊ ဆနွန်း အားလုံးကို လက်နဲ့အရင် သမအောင် နယ်ပါ။
- ပီးလျင် ငါးကို ထပ်ထည့်ပြီး နယ်၍ အပေါ်ကနေ ဆီဆမ်းပြီး မီးဖိုပေါ်တည်လိုက်ပါ။ (သို့မဟုတ်) ဖက်နဲ့မီးကင်ရင် ဆီထည့်စရာ မလိုပါ။
- ငါးနူးလျင် အပေါ့အငံမြည်း၍ သုံးဆောင်လို့ ရပါပြီ။
Credit: Phyu Phyuhnin