အားလုံးပဲမင်္ဂလာပါ။ ပင်လယ်စာကြိုက်သူတွေအတွက် ထိုင်းစတိုင် ကြွပ်ကြွပ်မွှေးမွှေးတုံယမ်းအရသာ ပုဇွန်ကြော်နည်းလေး မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုဇွန်ကြား ၁ ကီလိုဂရမ်
  • တုံယမ်းအနှစ် ၂ ဇွန်း
  • ဂျင်း ၁ တက်
  • စပါးလင် ၂ ပင်
  • ငရုပ်သီးစိမ်း ၃ တောင့်
  • ရှောက်ရွှက် ၃ ရွှက်
  • ခရုဆီ ၁ ဇွန်း
  • ခရမ်းချဉ်သီးဆော့စ်အနှစ် ၁ ဇွန်း
  • ကြက်ဥ ၁ လုံး
  • ပြောင်းဖူးကော်မှုန့် ၁ ဇွန်း
  • ငရုပ်သီးအနှစ် ၃ ဇွန်း
  • ရှာလကာရည် ၂ ဇွန်း
  • ဆားအနည်းငယ်
  • ပျားရည် ၁ ဇွန်း
  • သကြား ၁ ဇွန်း
  • မရောနိ ၁ဇွန်းနဲ့တစ်ဝက်ခန့်
  • ရေ
  • ဟင်းသီးဟင်းရွှက်ဆီ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) အရင်ဆုံးပုဇွန်ကြားကို ရေဆေးသန့်စင်ပြီး ဦးခေါင်းမှ ဦးမှင်လေးတွေကို ကပ်ကြေးဖြင့်ညှပ်ထုတ်ပေးပါ။ထို့နောက်ပုဇွန်တွေကိုဇလုံတစ်ခုအတွင်းထည့်ကာ ခရုဆီ ပြောင်းဖူးကော်မှုန့် ကြက်ဥ ဆားအနည်းငယ်တို့နဲ့ရောနယ်ပြီး ၁၅ မိနစ်ခန့် နှပ် ထားပေးရပါမယ်။

(၂) ပုဇွန်နှပ်ထားတဲ့အချိန်ပြည့်ပြီဆိုရင် ဆီပူဖြင့်ပုဇွန်ကြော်ရန် ဒယ်အိုးတစ်ခုအတွင်း ဟင်းရွှက်ဆီထည့်ပြီးအပူပေးပါ။ပုဇွန် ကို Deep-Frying ကြော်ရမှာဖြစ်တဲ့အတွက် ပုဇွန်မြုပ်သည် အထိ ဆီကိုခပ်များများထည့်ပေးရပါမယ်။ ဆီဆူလာပြီဆိုရင် တော့ နှပ်ထားပုဇွန်တွေအားလုံးကိုထည့်ကြော်ပြီး ရွှေရောင်ပြောင်းလာတဲ့အထိကြော်ပေးပါ။ကြော်ပြီးသားပုဇွန်တွေကိုတော့အကြော်ဇကာသို့မဟုတ်ဆီစုပ်စက္ကူအတွင်းထည့်ကာ ဆီစစ်ထားပေးရပါမယ်။

(၃) ထို့နောက် နောက်ထပ်ဒယ်အိုးတစ်ခုအတွင်း ဟင်းရွှက်ဆီ တစ်ဇွန်းခန့်ထည့်ကာ အပူပေးပါ။ဆီဆူလာပြီဆိုရင်တော့ နုပ်နုပ်ဆင်းထားတဲ့ဂျင်း စပါးလင်နဲ့ ငရုပ်သီးစိမ်းတို့ကို အနံ့မွှေးလာ တဲ့အထိ ကြော်ပေးရပါမယ်။ဆက်လက်ပြီး တုံယမ်းအနှစ် ငရုပ်သီးအနှစ် သကြား ရှာလကာရည် ခရမ်းချဉ်သီးဆော့စ် ပျားရည် နဲ့ ရေအနည်းငယ်တို့ကို ရောထည့်ပြီး ၂ မိနစ်ခန့် ဆီသပ် ပေးပါ။ထို့နောက်ဆားအနည်းငယ်ထပ်ထည့်ပြီးကောင်းစွာမွှေ ပေးရပါမယ်။

(၄) ပြီးရင်တော့ တုံယမ်းအနှစ်ထဲသို့ ခုနကဆီစစ်ထားတဲ့ ပုဇွန် တွေအားလုံးရောထည့်ပြီး သမအောင်ဆက်မွှေပေးရပါမယ်။ ပုဇွန်ထဲကို အရသာဝင်အောင်နာက်ထပ် ၂ မိနစ်ခန့်ကောင်းကောင်းမွှေပေးပြီးရင်တော့ မီးပိတ်လိုက်လို့ရပါပြီ။မီးပိတ်ပြီးပေမယ့် ဒယ်အိုးရဲ့ရှိနေသေးတဲ့အပူရှိန်နဲ့ပဲ မရောနိတစ်ဇွန်းနဲ့ တစ်ဝက်ခန့်ကိုရောထည့်ကာမွှေးပေးရပါမယ်။ထို့နောက် ပန်းကန်ထဲသို့ထည့်ကာ ပါးပါးလှီးထားတဲ့ရှောက်ရွှက်လေးတွေကို အပေါ်က ဖြူးပေးလိုက်မယ်ဆိုရင် အရမ်းကိုအရသာရှိတဲ့ ထိုင်းစတိုင် တုံယမ်းအရသာပုဇွန်ကြော်လေးကိုသုံးဆောင်လို့ ရပြီပဲဖြစ်ပါတယ်။