မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဈေးထဲမှာ တွေ့ရလေ့ရှိတဲ့ ကြက်သွေးခဲလေးကို ချဉ်ငံစပ်လေးကြော်စားကြရအောင်။ တခါတလေ တုတ်ထိုးဆိုင်တွေမှာလည်း တွေ့ရတတ်တဲ့ ကြက်သွေးခဲလေးက စားလို့မြိန်မှာတော့ အသေအချာပါနော်။
ပါဝင်ပစ္စည်းများ
- ကြက်သွေးခဲ
- ဆား
- အချိုမှုန့်
- ဂျင်း
- ကြက်သွန်ဖြူ
- ကြက်သွန်နီ – ၂ လုံး
- ခရမ်းချဉ်သီး – ၁ လုံး
- ငံပြာရည် – အနည်းငယ်
- သံပုရာသီး – တစ်ခြမ်း
- ငရုပ်သီး
- ပူစီနံရွက်
ပြုလုပ်နည်း
- ကြက်သွေးခဲတွေကို သန့်စင်ပြီး ဆား၊ အချိုမှုန့်၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကို ထောင်းပြီး အရည်ညှစ် နယ်ထားပါ။
- အိုးထဲ ဆီထည့်ပြီး ဂျင်း၊ ကြက်သွန်ဖြူ ထောင်းထားတာ ကြော်ပါ။
- ကျက်လျှင် ကြက်သွန်နီ ၂ လုံး နဲ့ ခရမ်းချဉ်သီး ၁ လုံးထည့်၊ ငံပြာရည် နဲနဲထည့်ကာ ခဏထားပါ။ ထိုနောက် သွေးခဲတွေထည့်ပြီး ဆီပြန်သည်ထိ ကြော်ပါ ။
- ကျက်လျှင် သံပုရာသီးတစ်ခြမ်းနဲ့ ငရုပ်သီး စိတ်ကြိုက်ည့်၊ ပူစီနံရွက်ထည့် ပြီး အချို၊ အငံ မြည်းကာ သုံးဆောင်နိုင်ပါသည်။