[Unicode]

ပုစွန်တန်ပူရာကြော်ကို သာမာန်အတိုင်းစားရတာ ရိုးနေပြီဆိုရင်တော့ စိမ့်စိမ့်လေးနဲ့ အုန်းသီးအနံ့မွှေးနေတဲ့ အုန်းသီးပုစွန်တန်ပူရာကြော်နည်းလေးပြောပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန်အကောင်ကြီး ၁၅ ကောင်
  • ဂျုံမုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
  • မုန့်ဖုန်ဆော်ဒါ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုပ်ကောင်းမှုန့် စားပွဲတင်ဇွန်း တစ်ဝက်ခန့်
  • ကြက်ဥ ၁ လုံး
  • ရေသန့် ၃ ခွက်
  • ဆား အနည်းငယ်
  • သံပရာသီး ၁ လုံး
  • သကြား ၁ ဇွန်း
  • အုန်းသီးအမှုန့် စားပွဲတင်ဇွန်း ၅ ဇွန်း
  • ဟင်းသီးဟင်းရွှက်ဆီ

ပြုလုပ်နည်းအဆင့်ဆင့်

(၁) ပထမဦးဆုံးအနေနဲ့ ပုဇွန်ကို အမြှီးနဲ့ အလယ်မှာရှိတဲ့အမဲချောင်းလေးကို ဖယ်ရှားပြီး ဆေးကြောသန့်စင်ပေးရပါမယ်။ထို့နောက်ပုစွန်ကိုအရသာဝင်စေရန် ဇလုံတစ်ခုအတွင်း ငရုပ်ကောင်းမှုန့် ဆားအနည်းငယ် သကြားတစ်ဇွန်း အညှီနံ့ပျောက်စေဖို့ သံပရာသီးတစ်စိတ်ခန့်ရောထည့်ပြီး သမအောင်မွှေကာ နာရီဝက်ခန့်နှပ်ထားရပါမယ်။

(၂) ပုစွန်နှပ်ထားစဉ်နောက်ထပ်ဇလုံတစ်ခုအတွင်း ကြက်ဥ တစ်လုံး ရေအနည်းငယ်ရောထည့်ပြီး မွှေပေးရပါမယ်။ ထို့နောက် ဆားအနည်းငယ် ငရုပ်ကောင်းမှုန့်အနည်းငယ် ဂျုံမှုန့် နဲ့မုန့်ဖုတ်ဆော်ဒါတို့ကို ထပ်ထည့်ပြီး ခပ်ပျစ်ပျစ်လေး မွှေပေးရပါမယ်။

(၃) ပုဇွန်နှပ်ထားတဲ့အချိန်လဲပြည့်ပြီ ပုဇွန်ကြော်ဖို့ မုန့်နှစ်လဲရပြီဆိုရင်တော့ နောက်ထပ်ပန်းကန်ပြားအလွတ်တစ်ခုအတွင်း အုန်းသီးမှုန့်လေးတွေကိုထည့်ထားရပါမယ်။အုန့်သီးမှုန့်ကို Ready Made ဝယ်လို့ရသလို ခြစ်ထားတဲ့အုန်းသီးဖက်လေး တွေကိုနေလှန်းအခြောက်ခံပြီး ကိုယ်တိုင်ပြုလုပ်လို့လည်းရပါတယ်။

(၄) နောက်ဆုံးအဆင့်အနေနဲ့ ဒယ်အိုးတစ်ခုအတွင်း ပုစွန်မြုပ် လာက်တဲ့အထိဆီကိုခပ်များများလေးထည့်ပြီး မီးဖိုပေါ်အပူပေးရပါမယ်။ဆီဆူလာပြီဆိုရင်တော့ နှပ်ထားတဲ့ပုဇွန်လေးကို အမြှီးနေရာကကိုင်ပြီး ဦးစွာမုန့်နှစ်မှာ ခပ်ရွဲရွဲလေးနစ်ပေးပါ။ပြီးရင်တော့ အုန်းသီးမှုန့်ပန်းကန်လေးနဲ့ ထည့်ပြီးအုန်းသီးမှုန့်လေးတွေကပ်သွားအောင် ဘယ်ညာလှိမ့်ပေးရပါမယ်။

(၅) ပြီးရင်တော့ ဆီအိုးထည့်ပြီး ၃ မိနစ်ခန့် ကြော်ပေးပါ။အုန်းသီးမှုန့်လေးတွေကြွပ်လာပြီး အနံ့မွှေးလာပြီဆိုရင်တော့ ဆယ်လိုက်လို့ရပါပြီ။ဒါဆိုရင်တော့ အုန်းသီးအနှံ့ သင်းသင်းမွှေးမွှေးလေးနဲ့ အရသာရှိတဲ့ အုန်းသီးပုဇွန်တန်ပူရာကြော်လေးကိုရပြီပဲဖြစ်ပါတယ်။ကြိုက်နှစ်သက်ရာဆော့စ်အချဉ်နဲ့ဖြစ်စေ မရိုးနိစ်နဲ့ဖြစ်စေတွဲဖက်သုံးဆောင်နိုင်ပါတယ်နော်။

Source : Thespruceeats

[Zawgyi]

ပုစြန္တန္ပူရာေၾကာ္ကို သာမာန္အတိုင္းစားရတာ ႐ိုးေနၿပီဆိုရင္ေတာ့ စိမ့္စိမ့္ေလးနဲ႔ အုန္းသီးအနံ႔ေမႊးေနတဲ့ အုန္းသီးပုစြန္တန္ပူရာေၾကာ္နည္းေလးေျပာျပေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • ပုစြန္အေကာင္ႀကီး ၁၅ ေကာင္
  • ဂ်ဳံမုန႔္ စားပြဲတင္ဇြန္း ၄ ဇြန္း
  • မုန႔္ဖုန္ေဆာ္ဒါ စားပြဲတင္ဇြန္း ၁ ဇြန္း
  • င႐ုပ္ေကာင္းမႈန႔္ စားပြဲတင္ဇြန္း တစ္ဝက္ခန႔္
  • ၾကက္ဥ ၁ လုံး
  • ေရသန႔္ ၃ ခြက္
  • ဆား အနည္းငယ္
  • သံပရာသီး ၁ လုံး
  • သၾကား ၁ ဇြန္း
  • အုန္းသီးအမႈန႔္ စားပြဲတင္ဇြန္း ၅ ဇြန္း
  • ဟင္းသီးဟင္း႐ႊက္ဆီ

ျပဳလုပ္နည္းအဆင့္ဆင့္

(၁) ပထမဦးဆုံးအေနနဲ႔ ပုဇြန္ကို အျမႇီးနဲ႔ အလယ္မွာရွိတဲ့အမဲေခ်ာင္းေလးကို ဖယ္ရွားၿပီး ေဆးေၾကာသန႔္စင္ေပးရပါမယ္။ထို႔ေနာက္ပုစြန္ကိုအရသာဝင္ေစရန္ ဇလုံတစ္ခုအတြင္း င႐ုပ္ေကာင္းမႈန႔္ ဆားအနည္းငယ္ သၾကားတစ္ဇြန္း အညႇီနံ႔ေပ်ာက္ေစဖို႔ သံပရာသီးတစ္စိတ္ခန႔္ေရာထည့္ၿပီး သမေအာင္ေမႊကာ နာရီဝက္ခန႔္ႏွပ္ထားရပါမယ္။

(၂) ပုစြန္ႏွပ္ထားစဥ္ေနာက္ထပ္ဇလုံတစ္ခုအတြင္း ၾကက္ဥ တစ္လုံး ေရအနည္းငယ္ေရာထည့္ၿပီး ေမႊေပးရပါမယ္။ ထို႔ေနာက္ ဆားအနည္းငယ္ င႐ုပ္ေကာင္းမႈန႔္အနည္းငယ္ ဂ်ဳံမႈန႔္ နဲ႔မုန႔္ဖုတ္ေဆာ္ဒါတို႔ကို ထပ္ထည့္ၿပီး ခပ္ပ်စ္ပ်စ္ေလး ေမႊေပးရပါမယ္။

(၃) ပုဇြန္ႏွပ္ထားတဲ့အခ်ိန္လဲျပည့္ၿပီ ပုဇြန္ေၾကာ္ဖို႔ မုန႔္ႏွစ္လဲရၿပီဆိုရင္ေတာ့ ေနာက္ထပ္ပန္းကန္ျပားအလြတ္တစ္ခုအတြင္း အုန္းသီးမႈန႔္ေလးေတြကိုထည့္ထားရပါမယ္။အုန႔္သီးမႈန႔္ကို Ready Made ဝယ္လို႔ရသလို ျခစ္ထားတဲ့အုန္းသီးဖက္ေလး ေတြကိုေနလွန္းအေျခာက္ခံၿပီး ကိုယ္တိုင္ျပဳလုပ္လို႔လည္းရပါတယ္။

(၄) ေနာက္ဆုံးအဆင့္အေနနဲ႔ ဒယ္အိုးတစ္ခုအတြင္း ပုစြန္ျမဳပ္ လာက္တဲ့အထိဆီကိုခပ္မ်ားမ်ားေလးထည့္ၿပီး မီးဖိုေပၚအပူေပးရပါမယ္။ဆီဆူလာၿပီဆိုရင္ေတာ့ ႏွပ္ထားတဲ့ပုဇြန္ေလးကို အျမႇီးေနရာကကိုင္ၿပီး ဦးစြာမုန႔္ႏွစ္မွာ ခပ္႐ြဲ႐ြဲေလးနစ္ေပးပါ။ၿပီးရင္ေတာ့ အုန္းသီးမႈန႔္ပန္းကန္ေလးနဲ႔ ထည့္ၿပီးအုန္းသီးမႈန႔္ေလးေတြကပ္သြားေအာင္ ဘယ္ညာလွိမ့္ေပးရပါမယ္။

(၅) ၿပီးရင္ေတာ့ ဆီအိုးထည့္ၿပီး ၃ မိနစ္ခန႔္ ေၾကာ္ေပးပါ။အုန္းသီးမႈန႔္ေလးေတြႂကြပ္လာၿပီး အနံ႔ေမႊးလာၿပီဆိုရင္ေတာ့ ဆယ္လိုက္လို႔ရပါၿပီ။ဒါဆိုရင္ေတာ့ အုန္းသီးအႏွံ႔ သင္းသင္းေမႊးေမႊးေလးနဲ႔ အရသာရွိတဲ့ အုန္းသီးပုဇြန္တန္ပူရာေၾကာ္ေလးကိုရၿပီပဲျဖစ္ပါတယ္။ႀကိဳက္ႏွစ္သက္ရာေဆာ့စ္အခ်ဥ္နဲ႔ျဖစ္ေစ မ႐ိုးနိစ္နဲ႔ျဖစ္ေစတြဲဖက္သုံးေဆာင္ႏိုင္ပါတယ္ေနာ္။

Source : Thespruceeats