အိန္ဒိယ တောင်ပိုင်းသားတွေက သတ်သတ်လွတ်လွတ်ပဲ စားပြီး ဆန်ကို ဂျုံထက် ပိုစားကြတယ် ။   မဒ္ဒရတ်လို တောင်ပိုင်း မြို့တွေ သွားလည်ရင် ထမင်းကို အသီးအရွက် အမွှေးနံ့သာတွေနဲ့ ပေါင်းထားပြီး သီးစုံ ပဲကုလားဟင်း ၊  မလုတ်တနီ ၊ဟင်ရွးက်စုံကြော်  ၊ အာလူး ၊ ဆင်ခေါင်းပဲ စတဲ့ အရံဟင်း စုံစုံလင်လင်နဲ့ ဒိန်ချဉ်တွေ ပါတဲ့ ထမင်းပွဲတွေ ကြုံရလိမ့်မယ် ။သူတို့က အရံဟင်း အသီးအရွက်ကြော်တွေကို ဟင်းခတ် အမွှေးအကြိုင် အမှုန့်သုံးလေးမျိုးနဲ့ နယ်ပြီး ကျွတ်ခြောက်နေအောင် ချက်လေ့ရှိတယ် ။    အားလုးတို့ ပန်းပွင့်တို့ဆို အရင်ပြုတ်ပြီး ခပ်ခြောက်ခြောက်လေး ပြန်ချက်လေ့ရှိတယ် ။   အရွက်တွေဆို အကြော်မှုန့်တွေ လူးပြီး အကြွတ်ကြော်တယ် ။

အခုမြန်မာတွေ အရမ်းစားလေ့ရှိတဲ့ ရုံးပဒေသီးကို အင်ဒီယန်းတွေ ဘယ်လိုချက်လဲ ပြမယ်နော်။

ပါဝင်ပစ္စည်းများ

  • ရုံးပဒေသီး
  • အကြော်မှုန့်
  • ဆား
  • ငရုတ်သီး အရောင်တင်မှုန့်
  • မဆလာ
  • ရေ
  • ဆီ

ပြင်ဆင်ပြုလုပ်နည်း

  1. ရုံးပဒေသီး အကြွတ်ကြော်ဘို့ ကြိုက်ရာ အကြော်မှုန့်သုံးပါ ။
  2. အကြော်နည်း နှစ်မျိုးရှိပါတယ် ။
  3. အကြော်မှုန့်ထဲကို ဆား ၊ ငရုတ်သီး ၊ အရောင်တင်မှုန့် နဲ့ မဆလာတွေ ထည့်ဖျော်ပြီး တပုဂံ ထားပါ ။
  4. အကြော်မှုန့် ထည့်ပြီး တပုဂံထားပါ ။
  5. လှီးထားတာတွေကို မုန့်နှစ် အရည်နဲ့ လူးပါမယ် ။
  6. အမှုန့်ပြန်လူးပါမယ် ။  နှစ်ခါပြန် ပြန်လုပ်ပါမယ် ။
  7. နောက်တနည်းက ရုံးပဒေသီး လှီးထားတဲ့ အထဲ ဆား ၊ ငရုတ်သီး အရောင်တင်မှုန့် ၊ မဆလာနဲ့ အကြော်မှုန့်ကို ထည့်နယ်တာပါ ။ ရေကို နယ်လို့ ကောင်းရုံ ပါလေရုံထည့် ပြီးရင် ဆီပူထဲ ထည့်ကြော်ပါ ။

Credit: Food Madness