ကျမ်းမာရေး အတွက် မျှတစွာ စားချင်သော သူများ နဲ့ အချိန်တို အတွင်း အဆီချနေသူများ အတွက် တို့ဟူးလေး ဟင်းပွဲလေးကို ရွေးချယ်ပေး လိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- တို့ဟူး – ၁ တုံး (နေတော်အတုံးလေးတွေတုံးထားပါ)
- ကြက်သွန်မြိတ် – ၁ ပင် (အကွင်းလိုက် ခတ်သေးသေးလေးတွေ ညှပ်ထားပါ အလှဆင်ရန်)
- နှမ်းနက် – အနည်းငယ် (တို့ဟူးပေါ်မှာ ဖြူးရန်)
- အုပ်စု (က)
- ဝက်ကြိတ်သား – ၅ ကျပ်သား
- ကင်ချီ – ၂ ဇွန်း/ စားပွဲဇွန်း (နုတ်နုတ်စင်းထားပါ)
- ပဲပိစပ် – တစ်ဝက် ဇွန်း (လက်ဖက်ဇွန်း)
- နှမ်းဆီ – ၂ ဇွန်း (လက်ဖက်ဇွန်း)
- အသားမှုန့် – ၁ ဇွန်း/ လက်ဖက်ဇွန်း (ကိုးရီးယား ဟင်းခတ်မှုန့်)
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
ပြုလုပ်နည်း
- မကပ်သော ဒယ်အိုးထဲကို အုပ်စု (က) မှ ပါဝင်ပစ္စည်းများ အားလုံး ထည့်ကြော်ပါ။ ကင်ချီ နွမ်းလာပြီး အသားကျက်လျှင် ရပါပြီ။ စားမြည်းပြီး လိုတာ ထပ်ဖြည့်ပါ။
- စားပွဲပြင်မည့် ပန်းကန်ထဲ ကို တို့ဟူးတုံးလေးများ တင်ပါ။ ကင်ချီ နှင့် ဝက်ကြိတ်သားကြော်ကို အပေါ်မှ နေ လိုသလောက် လှမည့် ပုံစံလေး ထားပြီး တင်ပါ ။ နှမ်း နှင့် ကြက်သွန်မြိတ်လေးတွေ နဲ့ အလှဆင်ပြီး စားသုံးလို့ ရပါပြီ။