ရေထိကရုန်းစားဖူးကြပါသလား ။ သူကလည်း ကန်စွန်းရွက်ကဲ့သို့ စိမ့်တဲ့အရသာရှိပါတယ် ။ ရေထိကရုန်းရဲ့ အပြင်ကို ဖုံးထားတဲ့ ဖော့ခွံလို အကာတွေကို ဖယ်ထုတ်လိုက်ရင် သိပ်ပြီးအရသာရှိတဲ့ အပိုင်းကိုရပါတယ် ။ ငါးပိရည်နဲ့ တို့စားလို့ရသလို ကန်စွန်းရွက်ကြော် ၊ ကိုက်လန်ကြော်ကဲ့သို့လည်း အစိမ်းကြော် ပုံစံပြင်ဆင်နိုင်ပါတယ် ။
ပါဝင်ပစ္စည်းများ
- ရေထိကရုန်း – ၃စည်း
- ဝက်ကြွပ်ကြော် – ၁၀ကျပ်သား
- ကြက်သွန်ဖြူ – ၃တက်
- ငရုတ်သီးစိမ်း -၂တောင့်
- ခရုဆီ – ၂ဇွန်း
- ပဲငံပြာရည် – ၁ဇွန်း
- သကြား+ဟင်းခတ်မှုန့် – အနည်းငယ်စီ
- ဆီမွှေး+ငရုတ်ကောင်း – အနည်းငယ်စီ
ပြင်ဆင်ပြုလုပ်နည်း
- ရေထိကရုန်းရဲ့ အပေါ်ပိုင်း ဖော့ခွံတွေကို ဖယ်ထုတ်ပါ ။ အတွင်းက အစိမ်းရောင်နုတဲ့အပိုင်းလေးတွေကို ရွေးချယ်ပြီး ၂လက်မအပိုင်းလောက်တွေ ဖြတ်တောက်ပါ ။
- သုံးထက်သားအကြွပ်ကြော်ကို အတုံးငယ်လေးတွေ အဖြစ်တုံးပါ ။ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ဓားပြားရိုက်ပါ ။
- ဇလုံတစ်ခုအတွင်းမှာ သုံးထပ်သားအကြွပ်ကြော်ထည့်ပြီး ရေထိကရုန်းထည့်ပါ ။ ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူနှင့် ပါဝင်တဲ့အရသာအားလုံးကို ဖြည့်စွက်ပါ ။
- ဒယ်အိုးခပ်ကြီးကြီးကို မီးပြင်းပြင်းဖြင့် အပူပေးပြီး မီးတောက်လာသည်အထိ ခပ်မြန်မြန်လေး ကြော်ပေးပါ ။
Photo Credit: Daw Nway (မြဝတီ)
အောင်ဇဗ္ဗူလင်းအပန်းဖြေဥယျာဉ်