သားသားမီးမီးတို့ ကျောင်းကပြန်လာချိန်မှာ သရေစာအနေနဲ့ အပြင်စာတွေကို ဝယ်ကျွေးရမှာ စိတ်မချဘူးဆိုတဲ့ မေမေတို့အတွက် ကိုယ်ကိုယ်တိုင် အိမ်မှာလုပ်ကျွေးနိုင်မယ့် ဝက်သားပေါင်မုန့်ကြော်လေးကို ပြောပြပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆီ – 1 ပုလင်း
- နံနံပင် – ¼ Cup
- လှီးပြီးသောပေါင်မုန့် – 1 ထုတ်
- ငရုပ်ကောင်းမှုန့် – 2 Teaspoons
- စဉ်းပြီးသားဝက်သား – 500 g
- ကြက်သွန်ဖြူထောင်း – 1 Teaspoon
- ကြက်ဥ – 5 လုံး
- ငံပြာရည်အကြည် – 2 Tablespoons
- နံနံပင်အမြစ်ထောင်း – 1 Tablespoon
- လှီးပြီးသားငရုပ်သီး – ¼ Cup
ပြုလုပ်နည်း
- ပထမ နံနံပင်အမြစ် ၊ ငရုပ်ကောင်းမှုန့် ၊ ကြက်သွန်ဖြူ ၊ ဝက်သား ၊ ကြက်ဥတလုံးနှင့် ငံပြာရည်အကြည်တို့ကို ရောမွှေပါ ။
- ကြက်ဥ လေးလုံးကို ရောမွှေပါ ။
- ပေါင်မုန့်တချပ်ကို လေးစိပ်ခြမ်းကာ ပေါင်မုန့်မျက်နှာပြင်သို့ ပထမ ပါပစ္စည်းများ တင်ထားပါ ။ ၎င်းနောက် နံနံပင် ၊ ငရုပ်သီးများကို ပထမ ပါပစ္စည်းများပေါ်သို့ ထပ်မံတင်ကာ ကြက်ဥဖျော်ရည်ဖြင့် လိမ်းပြီး ဆီပူနှင့်ကြော်ပါက အရသာရှိသော ဝက်သားပေါင်မုန့်ကြော် ရရှိပါမည် ။
အချဉ်အတွက်လိုအပ်သောပစ္စည်းများ
- သခွားသီး – 2 Cup
- အချဉ်ရည် – 1 Cup
- လှီးထားသောကြက်သွန်နီ – ¼ Cup
- ဆား – 1 ½ Teaspoon
- လှီးပြီးသားငရုပ်သီး – ¼ Cup
- သကြား – 1 ¼ Cup
အချဉ်ရည်ပြုလုပ်နည်း
အချဉ် ၊ ဆားနှင့်သကြားကို အပူပေး၍ အအေးခံကာ ကြက်သွန်နီ ၊ ငရုပ်သီး ၊ သခွားသီးတို့ဖြင့် ရောနှယ်ပါ ။
Credit: N/S Food House