ပါဝင်ပစ္စည်းများ
- ဂွေးတောက်ရွက်
- ပုစွန်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ငရုတ်သီးအနှစ်
- မျှင်ငပိ
- ပုစွန်/ငါး ငံပြာရည်
ပြင်ဆင်ပြုလုပ်နည်း
- ဂွေးတောက်ရွက်ကို သေချာခြွေပြီး ရေဆေးထားပေးပါ ။
- ပုစွန်ရေဆေးပြီး အခွံခွါပေးပါ ။ ကြက်သွန်နီ ၊ ငရုတ်သီးအနှစ် နဲ့ မျှင်ငပိကို ရောထောင်းပေးပါ ။ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီးအနှစ်ကို ဆီချက်ပေးပါ ။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီး ထည့်မွှေပေးပါ ။ ငပိနံ့လေး မွှေးပြီး ဆီကျက်ပြီဆိုရင် ပုစွန်ကို ထည့်မွှေပေးပါ ။ ပုစွန်/ငါး ငံပြာရည် ထည့်ပေးပါ ။
- နောက်ဆုံးမှ ဂွေးတောက်ရွက်ကို ထည့်မွှေလိုက်ပါ ။ အရွက်နူးပြီဆိုရင်ပဲ ပုစွန်အချိုအရသာ ၊ ငပိအရသာ အနံ့လေးနဲ့ ဂွေးတောက်ရွက်ရဲ့ ချိုခါးခါး ရသာလေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ ။
Credit: အစားအစားကမာ