ပါဝင်ပစ္စည်းများ

  • ဂွေးတောက်ရွက်
  • ပုစွန်
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ငရုတ်သီးအနှစ်
  • မျှင်ငပိ
  • ပုစွန်/ငါး ငံပြာရည်

ပြင်ဆင်ပြုလုပ်နည်း

  1. ဂွေးတောက်ရွက်ကို သေချာခြွေပြီး ရေဆေးထားပေးပါ ။
  2. ပုစွန်ရေဆေးပြီး အခွံခွါပေးပါ ။ ကြက်သွန်နီ ၊ ငရုတ်သီးအနှစ် နဲ့ မျှင်ငပိကို ရောထောင်းပေးပါ ။ ပြီးရင် ထောင်းထားတဲ့ ငရုတ်သီးအနှစ်ကို ဆီချက်ပေးပါ ။ ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီး ထည့်မွှေပေးပါ ။ ငပိနံ့လေး မွှေးပြီး ဆီကျက်ပြီဆိုရင် ပုစွန်ကို ထည့်မွှေပေးပါ ။ ပုစွန်/ငါး ငံပြာရည် ထည့်ပေးပါ ။
  3. နောက်ဆုံးမှ ဂွေးတောက်ရွက်ကို ထည့်မွှေလိုက်ပါ ။ အရွက်နူးပြီဆိုရင်ပဲ ပုစွန်အချိုအရသာ ၊ ငပိအရသာ အနံ့လေးနဲ့ ဂွေးတောက်ရွက်ရဲ့ ချိုခါးခါး ရသာလေးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ ။

Credit: အစားအစားကမာ