ပါဝင်ပစ္စည်းများ
- ပုဇွန်
- ငရုတ်ချဉ် သုံးဇွန်း
- ပဲငံပြာရည် အကြည် တဇွန်း
- သုံပုရာသီး တလုံး (ညှစ်)
- ဆီ တဇွန်း
- ကြက်သွန်ဖြူ သုံးမွှာ (ထောင်း)
- သကြားတဇွန်း
- ဆား
- ငရုတ်ကောင်း
- ကြက်ဥ
- ဆီ
- ကော်ပြန့်ဖတ်
ပြင်ဆင်ပြုလုပ်နည်း
- ပုဇွန်တွေကို အခွံခွာပြီး အလယ်အူကြောင်း ထုတ်ပါ။ အမြှီးတွေ ချန်ထားပါ။ ပထမဆုံး ပုဇွန်တွေလူးကြော်ဘို့ ဆော့စ်အစပ် ဖျော်ပါမယ်။
- ပုဂံလုံးထဲ ငရုတ်ချဉ် သုံးဇွန်း (ကြိုက်ရာ Hot Sauce သုံးပါ. ချဉ်ပြီး စပ်ရင်ပြီးရော) ပဲငံပြာရည် အကြည် တဇွန်း၊ သုံပုရာသီး တလုံး (ညှစ်)၊ ဆီ တဇွန်း၊ ကြက်သွန်ဖြူ သုံးမွှာ (ထောင်း)၊ သကြားတဇွန်း၊ ဆားနဲ့ ငရုတ်ကောင်း သင့်ရုံ.ထည့်ပါ။ သံပုရာခွံ နည်းနည်း ခြစ်ထည့်ပါ။ အစပ်ပိုကြိုက်ရင် ငရုတ်သီးစိမ်း ထောင်းထည့်ပါ ။
- ထို့နောက် ဖျော်ထားတဲ့ ဆော့စ်ထဲ ပုဇွန်တွေ စိမ်ပြီး နာရီဝက် ထားပါ။ ပြီးရင် ကော်ပြန့်ဖတ်ထဲ ထည့်လိပ်ပါ။ ကော်ဖတ်ကို လေးထောင့်အဖတ် (သို့) အဝိုင်း အဆင်ပြေတာ သုံးလို့ရပါတယ်။ နှုတ်ခမ်းသားတွေကို ပွင့်မထွက်အောင် ထုံးစံအတိုင်း ကြက်ဥရည်နဲ့ ပိတ်ပါ။ ဆီပူထဲ အရောင်ရဲသည်အထိ ထည့်ကြော်ပါ။ ကျက်ရင် ဆီစစ်ပြီး စားလို့ရပါပြီ။ ယိုဒယား Sweet & Spicy Chilli Sauce (Thai Style) နဲ့ တွဲစားရင် အင်မတန်လိုက်ပါတယ်။
ကော်ပြန့်ဖတ် သုံးနော်။ ဖက်ထုတ်ဖတ် မဟုတ်ဘူး။
Credit: Food Madness