ပိန်းဥကြိုက်တဲ့သူတွေအတွက် ပိန်းဥကြော်နည်းလေးကို မျှဝေပေးချင်ပါတယ်။ ဈေးသွားရင်းနဲ့ ပိန်းဥဝယ်လာတဲ့အခါ အလွယ်တကူ ကြော်စားနိုင်အောင် ဒီနည်းလေးကို သိမ်းထားလိုက်အုံးနော်။
ပါဝင်ပစ္စည်း
- ပိန်းဥ ၃လုံး
- ဂျင်း လက်၂ဆစ်
- အကြော်မှုန့် ၁ဇွန်း (ထမင်းစားဇွန်း)
- ဆား အနည်းငယ်
- ဆီ
ပြုလုပ်နည်း
ပိန်းဥကို အခွံခွာပြီး ခြစ်နှင့်ခြစ်ပါ။
ဂျင်း လက်၂ဆစ်လောက် ခြစ်နှင့်ခြစ်ပါ။
ခြစ်ထားသော ပိန်းဥ နှင့် ဂျင်းကို ဆားနဲနဲ၊ အကြော်မှုန့် နှင့် ထည့်နယ်ပါ။
ပြီးလျှင် အနေတော် အပြားလေးတွေ လုပ်ပြီး ဆီပူပူမှာ ထည့်ကြော်ပါ။
နီညိုရောင်သန်းလာလျှင် အိုးထဲက ဆည် ဆီစစ်ပြီး စားလို့ ရပါပြီ။
Credit: Myanmar Yummy Foods