ပါဝင်ပစ္စည်း
- အင်ဥ
- မှို
- ကြက်သွန်နီ၊ ကြက်သွန်ဖြူ
- ငရုတ်သီးစိမ်း အနီရောင်
- ဆား၊ ဆီ
ပြုလုပ်နည်း
ပထမဦးစွာ အင်ဥ နှင့် မှိုများကို မကြော်မီ အထပ်ထပ် သန့်ရှင်းရေးလုပ်ရန် လိုအပ်ပါသည်။ သေသေချာချာ သန့်ရှင်းရေး မလုပ်ပါက သဲများပါပြီး ပါးစပ်ထဲတွင် သဲများတရှပ်ရှပ်နှင့် ဖြစ်ပါလိမ့်မည် ။ အထူးသဖြင့် အင်ဥသည် သဲအလွန်များပါသည်။ ရေကို ၄ ၊ ၅ ခါလောက် ဇကာနှင့် တိုက်ရျ် ဆေးရပါသည်။
သွားပွတ်တံလေးနှင့် အင်ဥတလုံးခြင်းစီကို တိုက်ရျ် ဆေးမှလည်း သဲစင်ပါသည် ။ အခြားမှိုများမှာ ရေဆေးလျင် ကြော်သည့် အခါ ရေများထွက်လာပြီး ရိသွားသောကြောင့် ချက်ရျ် မကောင်းသည့်အတွက် သွားပွတ်တံလေးနှင့် ညင်သာစွာ သဲများကို တိုက်ထုပ်ပြီး အဝတ်စတခုကို ရေအေးနှင့် ဆွတ်ပြီး မှုများကို ရေစိုအဝတ်နှင့် ပိုမို သန့်စင်သွားအောင် သုပ်ပါ။
ကြက်သွန်နီ ဥအသေးကို ၈စိတ်စိပ် ထားပါ ။ ကြက်သွန်ဖြူအသေး ၅မွှာခန့်ကို ဒါးပြနှင့် ရိုက်ထားပါ။ ဒယ်အိုးကို မီဖိုပေါ်တွင် ပူအောင် တည်ပြီး ဆီ အနည်းငယ် ထည့်ပါ။
ဆီပူလာလျင် ပြင်ဆင်ထားသော ကြက်သွန်နီ နှင့် ကြက်သွန်ဖြူကို ထည့်ပြီး ကြက်သွန်နံ့လေး မွှေးလာလျင် လှီးထားသော အင်ဥများကို အရင်ထည့်ရျ် နံှ့စပ်အောင် နယ်ပြီး ရေနွေး အနည်းငယ် ထည့်ပြီး အဖုံးအုပ်ထားပါ။
အင်ဥ နူးလျင် အခြား မှိုများကို ထည့်ရျ် ကြော်ပါ။ မှိုများ ကြက်သွားပြီဆိုလျင် ဆားအနည်းငယ် ထည့်ရျ် ငရုတ်သီးစိမ်း အနီရောင်ကို အုပ်ပြီး ဒယ်အိုးအဖုံးကို အုပ်ပြီး မီးဖိုပေါ်မှ ချပါ။ ရာသီစာ အင်ဥ နှင့် မှိုကြော်လေးကို သုံးဆောင်နိုင်ပါပြီ။
MyFood Myanmar