အမဲ ဝမ်းတွင်းသားနှင့် ပါးစောင်သား ရောချက်တာပါ။ ကျေးလက်ပုံစံလေးပါ။ အမဲသား မသုံးဆောင်သူများကို အနှူးအညွှတ် တောင်းပန်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပုဆိုးကြမ်းသား (ဝမ်းတွင်းသား) – ၂၅ကျပ်သား
- ပါးစောင်သား – ၅ကျပ်သား
- ကြက်သွန်နီ – ၂လုံး
- ကြက်သွန်ဖြူ – ၅တက်
- ဂျင်းကြီးကြီး – ၁တက်
- တောအရက် – ၁ဇွန်းခန့်
- မက်ခမ်သီးစေ့ – ၁ဇွန်း
- ဆား – အနည်းငယ်
- ဟင်းခတ်မှုန့် – အနည်းငယ်
- နနွင်းမှုန့် – အနည်းငယ်
- ဆီ
- နံနံပင် – အသင့်အတင့်
ပြင်ဆင်ပြုလုပ်နည်း
- ပုဆိုးကြမ်းသားနှင့် ပါးစောင်သားတို့ကို ရေစင်အောင်ဆေးပြီး စစ်ထားပါ။ မက်ခမ်သီးစေ့ကို လှော်ပြီး ညှက်နေအောင် ထောင်းပါ။
- ဂျင်း ၊ ကြက်သွန်ဖြူ ကို ညှက်နေအောင် ရောထောင်းပြီး ကြက်သွန်နီကို ခပ်ကြမ်းကြမ်း လှီးပါ။
- ပါဝင် ပစ္စည်း အားလုံးကို ရောပြီး ဆား ၊ ဟင်းခတ်မှုန့်၊ တောအရက် ၊ နနွင်းမှုန့် ၊ မက်ခမ်သီးစေ့အမှုန့်တို့နှင့် ခပ်နာနာလေး ဖိနယ်ပေးပါ။
- ဟင်းချက်အိုးတစ်လုံးမှာ ဆီ ၁ဇွန်းခန့်ကို လောင်းထည့်ပြီး အဖုံးပိတ်ကာ မီးအေးအေးမှာနှုးအိအောင် ချက်ပေးရပါမယ်။
- နုှုးအိအောင်ဆိုရာတွင် အိပြဲသွားသည်အထိ မဟုတ်ပဲ ခပ်ဆတ်ဆတ်လေး ဝါးလို့ရသည်အထိပါ။ နံနံပင်လေးဖြူးထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
Credit: ဟင်းချက်နည်းများ