သန့်ရှင်းလတ်ဆတ်ပြီး ကျမ်းမာညီညွတ်သော ရေခဲချောင်းကို အိမ်မှာ အလွယ်တစ်ကူ လုပ်စားလို့ ရပါတယ်။ ကလေးများ အတွက်လဲ စိတ်ကြိုက် လုပ်ပေးလို့ ရပါတယ်။ သကြားမပါ၊ သဘာ၀ မဟုတ်သော အရောင် အရသာ အသုံးပြုစရာ မလိုပဲ သူ့သဘာ၀ အတိုင်း နှင့် ပြုလုပ်ထားသော အစာပြေ အစားအစာလေးကို အားလုံး နှစ်သက် အားရလိမ်မယ်လို့ ထင်ပါတယ်။ အားလုံး ပြန်လည် လုပ်စားလို့ ရအောင် ဖော်ပြလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ဂရိတ်ဖရုအရည် – ၁၇၅ မီလီ
အုန်းသီးရည် – တစ်ဝက် ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
ပူစီနံရွက် – ၁၅ ရွက် (ခတ်ကြမ်းကြမ်းလေး တွေလက်ဖြင့် အသာဖြဲစုပ်ထားပါ)
ဂျယ်လီမှုန့် – ၁ ဇွန်း ခွဲ (လက်ဖက်ဇွန်း)
ပြုလုပ်နည်း
ဂရိတ်ဖရု မှ အရည်ညှစ်ယူပါ။ ဇကာဖြင့် အဖတ်နှင့် အစေ့များမပါအောင် အရည်သီးသန့်ဖြင့်အောင် စစ်ယူပါ။
ဂျယ်လီမှုန့်ကို ရေနွေးဖြင့် ဖျော်ထားပါ။ အနည်းငယ် အအေးခံထားပါ။
ဖန်ဇလုံထဲ ဂရိတ်ဖရုအရည်၊ ဂျယ်လီရည် နှင့် အုန်းသီးရည်များ ကို အားလုံး ရောအောင် ခလောက်တံဖြင့် သေချာခလောက်ပါ။ ပြီးမှ ပူစီနံရွက်လေးများဖြင့် အသာမွှေပေးပါ။
လိုရာ ရေခဲချောင်း ပုံစံခွက်ထဲ လောင်းထည့်ပြီး ၂-၃ နာရီလောက် ရေခဲသေတ္တာ ရေခဲထဲ ထည့်ပြီးခဲပါ။
မှတ်ချက်- ကိုယ်ကြိုက်နှစ်သော အသီးများ နှင့် အစားထိုး ပြုလုပ်နိုင်ပါသည်။
Credit: Syi Lwin Foods Garden