မင်္ဂလာပါ။ ပိတ်ရက်တွေမှာ မိသားစုတွေ၊ သူငယ်ချင်းတွေ စုဝေးပြီး ပျော်ပျော်ရွှင်ရွှင်စားသောက်ကြမယ်ဆိုရင် အကင်ကတော့ မပါမဖြစ်ပါ။ ဒါကြောင့် ဒီလိုမျိုး မပါမဖြစ် အက်ငကို အရသာရှိရှိ စားသုံးနိုင်ဖို့အတွက် ဝက်နံရိုးကင်ကောင်းကောင်းလေးချက်နည်းကို ဖော်ပြပေးလိုက်ရပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်နံရိုး – ၃ချောင်း
- ဒိန်ချဉ် – ၁ခွက်
- ငရုပ်သီးအရောင်တင်မူန့် – ၃ဇွန် Tablespoon
- ကြက်သွန်ဖြူ – ၃တတ်
- ကြက်သွန်နီ – ၁လုံး
- သကြား – ၁ဇွန်း Tablespoon
- အချိုမှုန့် – ၁ဇွန်း Teaspoon
- ကြက်သားမှုန့် – ၂ဇွန်း Tablespoon
- ငရုပ်ကောင်းမှုန့် – အနည်းငယ်
- ဂျင်းသေးသေး – ၁တတ်
- ပန်းပွင့်စိမ်း – ၄ခက်လောက်
- ပြောင်းဖူးသေး – ၃ချောင်းလောက်
ပြင်ဆင်ပြုလုပ်နည်း
- ဝက်နံရိုးများကို တစ်ဝက်လောက် အသားထုပ်ပီး သန့်စင်ထားပေးပါ ။ ပြီးပါက အရသာများဖြစ်တဲ့ ဒိန်ချဉ် ၊ ကြက်သားမှုန့် ၊ အချိုမှုန့်၊ သကြား ၊ ဂျင်း ၊ ငရုပ်ကောင်း ၊ ကြက်သွန်ဖြူ /နီ ၊ နုတ်နုတ်စင်း စသည်တို့ကို ဝက်သားထဲထိ အရသာဝင်အောင် ဆုပ်နယ်ပေးပါ။ ပြီးပါက အသားကို နာရီဝက်ခန့် နှပ်ထားပေးပါ ။ အသားများ နှပ်ထားပြီးပါက မီးဖိုပေါ်၌ ကင်ပေးပါ ။ မီးမများပါစေနှင့် ။
Credit: အမှန်အကန် ဟင်းပွဲများ ပျော်မြူးရာ