ပါဝင်ပစ္စည်းများ

  • ကြက်သားအသားချည်း (အရေခွံမပါ) – ၂၀သား
  • ကြက်သွန်ဖြူ
  • ပင်စိမ်းရွက်
  • သံပုရာသီး
  • ဆား၊ သံလွင်ဆီနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

၁။ ပထမဦးဆုံး ကြက်သားကို ရေဆေးပါ။ ပင်စိမ်းရွက် အနည်းကို နုတ်နုတ်စင်း၊ ကြက်သွန်ဖြူ အနည်းကို ထောင်းထားပါ။

၂။ ပြီးတာနဲ့ ဇလုံထဲကို ကြက်သားထည့် သံပုရာရည်၊ ဆားအနည်းငယ်၊ ကြက်သွန်ဖြူ အနည်းငယ်၊ ငရုတ်ကောင်းမှုန့်၊ ပင်စိမ်းရွက်တို့နဲ့ သံလွင်ဆီ နှစ်ဇွန်းခန့် နယ်ပြီး

၃။ နာရီဝက်ခန့် ရေခဲသေတ္တာထဲမှာ နှပ်ထားပါ။ ဒါမှမဟုတ် အပြင်မှာ လုံအောင် ဖုံးပြီ နှပ်ထားပါ။

၄။ နှပ်ပြီးတာနဲ့ အကင်စက်နဲ့ပဲဖြစ်ဖြစ်၊ မီးသွေးမီးဖိုနဲ့ပဲဖြစ်ဖြစ် မိနစ်နှစ်ဆယ်ခန့် ကင်မယ်ဆိုရင် အရသာရှိပြီး လွယ်ကူရိုးရှင်းတဲ့ ကြက်သံပုရာ အကင်ရပါပြီ။

Credit: ဆန်ဂို့ဟင်းလျာများ-Sango’s Curries