ကင်နည်းတွေကတော့ အများကြီးပါ ။ ဒါပေမယ့် ထိုင်းလုပ်နည်း နှင့် ဥရောပလုပ်နည်း ၂မျိုးစလုံးကို ပေါင်းပြီး လုပ်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်ဖြူ နုတ်နုတ် – ၁ဇွန်း Tablespoon
  • ဆား – အနည်းငယ်
  • ငရုပ်ကောင်းအဖြူ မှုန့် – အနည်းငယ်
  • တရုပ်နံနံ – ၁ပင် (နုတ်နုတ်စင်းထားပါ)
  • Butter ထာပတ် – ၁ဇွန်း Tablespoon
  • ငရုပ်သီးစိမ်းအနီရောင်နုတ်နုတ် – ၁ဇွန်း Teaspoon

ပြင်ဆင်ပြုလုပ်နည်း

  1. ကျောက်ပုဇွန်အား ကျောခွဲပေးပါ ။ မခွဲခင် ဦးခေါင်းမှ မစင်ထုပ်အား ထုပ်ပေးပါ  ။ ရေသန့်စင်အောင် ဆေးကြောပေးပါ ။ ပြီးပါက အဝတ်ခြောက်ဖြင့် သုပ်ပေးစေလိုပါတယ် ။
  2. ပြီရင်တော့ အရသာများ နယ်ပေးပါ ။ အခွံဖက်အခြမ်းကို အရင်ကင်ပေးပါ ။
  3. အရောင်ပြောင်လာရင်တော့ အသားများအား လှည့်ကာ ကင်ပေးပါ ။ ဆော့စ်များ သုပ်လိမ်းပေးပါ ။ 75%ကျက်ပါက အပေါ်မှ Cheese အမှုန့်များ ဖြူ းပေးရပါမည် ။ ဒါဆိုရင်တော့ သုံးဆောင်လို့ ရပါပြီး ။

ပါဝင်ပစ္စည်းများ (အသားအားသုပ်ပေးရန်ဆော့စ်)

  • ငရုဆီ – ၂ဇွန်း Tablespoon
  • ဆီမွှေး – ၁ဇွန်း Tablespoon
  • သကြား – ၂ဇွန်း Tablespoon
  • Parmesan Cheese Powder ကို အပေါ်မှ တင်ပေးပါ။

Credit: အမှန်အကန် ဟင်းပွဲများ ပျော်မြူရာ