ဝက်သား ကြိုက်တဲ့သူတွေအတွက် ဝက်သားကင်တစ်မျိုး နဲ့ မိတ်ဆက် ပေးပါရစေနော်။ ရိုးရိုးရှင်းရှင်းလေးနဲ့ လုပ်လို့ လွယ်ကူလှပါတယ်။
ပါဝင်ပစ္စည်းများ
- ဝက်ကြိတ်သား – ၅၀၀ ဂရမ်
- ကြက်သွန်နီ – ပါးပါးလှီးပါ၊
- စပါးလင် – လိုသလောက်
- ဆန်လှော်မှုန့်  – ၃ ဇွန်း (စားပွဲတင်ဇွန်း)
- ပူစီနံ – အနည်းငယ်
- ကြက်သွန်ဖြူ – အနည်းငယ် (တောက်တောက်စင်းထားပါ)
- အရသာမှုန့် – အနည်းငယ်
- သကြား – အနည်းငယ်
ပြုလုပ်နည်း
- ပါဝင်သော ပစ္စည်းများ အားလုံးကို ရောနှယ်ပါ။
- ပြီးလျှင် စပါးလင် ၁ ချောင်းကို အလယ်မှ ခွဲပြီး နယ်ထားသော အသားကို လုံးပြီး ထည့်ပါ ။ ပြီးလျှ င် မီးသွေးမီးဖို ပေါ်မှ ကင်ပါ ။
- အနံ့အရသာနှင့် ပြည့်စုံသော ဝက်သားကင်လေး ရပါပြီ ။
Credit: N&S Food House