ပါဝင်ပစ္စည်းများ
- မန်ကျည်းရွက်
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ငရုတ်ကြမ်းမှုန့်
- ဆားနှင့် ဆီ အနည်းငယ်
ပြုလုပ်နည်း
၁။ မန်ကျည်းရွက်ကို ရေစင်အောင် ဆေးပြီး ဇကာလေးနဲ့ ရေစစ် ထားပါ။
၂။ ပြီးလျင် ကြက်သွန်နီ မထူမပါး လှီးပါ။
၃။ ကြက်သွန်ဖြူကို ဆုံထဲမှာ အရင် လေးငါးချက် ထောင်းပြီးလျင် မန်ကျည်းရွက် ထည့်ပါ။
၄။ ငရုတ်ကြမ်းမှုန့် အနည်းငယ် ထည့်ပြီး ဆားသင့်ရုံ ဖြူးပြီး မန်ကျည်းရွက်လေးတွေ ညက်လာအောင် ထောင်းပြီး ဆီရွှဲရွှဲ ဆမ်းပါ ။
Credit: Soe’s Cooking Collection