မုံညင်းချဉ်ကို စားချင်စိတ်ပေါ်လာလို့ ဈေးထဲမှာ လိုက်ရှာလို့မရဘူးဆိုတဲ့အခါ အိမ်မှာပဲလုပ်စားနိုင်ဖို့အတွက် မုံညင်းချဉ်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- မုံညင်း
- ဂျုးမြစ်
- ထမင်းရည်
- ဆား
- နနွင်း
- နံနံပင်
- ကြံသကာ
- စမုံစပါး (လှော်ထောင်းထားပါ)
- ငရုတ်သီးခြောက် (ထောင်းထားပါ)
- ရှောက်ကော ၊ ပါ့ကောမှုန့်
ပြုလုပ်နည်း
၁။ မုံညင်းကို အရင်ဆုံး နေပူ ၁ ရက်လှန်းထားပါ ။ ရပြီဆိုလျှင် လက် ၄ လုံးစာ အရှည်လောက် ဂျုးမြစ်ကို လှီးဖြတ်ပါ ။
၂။ ပြီးလျှင် မုံံညင်းကို လက်ဖြင့်အဝတ်လျှော်သလို ဇလုံကြီးထဲ အားရပါးရ ချေပါ ။ ရေဖြင့် ၅ ခါခန့် အစိမ်းရေဆေး ပစ်ပါ ။
၃။ မုံညင်းများကို ရေစစ်ပြီး ထမင်းရည် ၊ ဆား ၊ နနွင်း ၊ ဂျုးမြစ် တို့ကို ထည့်နှယ်ပြီး အိုး (သို့) ကျွတ်ကျွတ်အိတ်ကြီးထဲ သိပ်ထားကာ နေပူတွင် ၅ ရက်ခန့် ထုတ်လှန်းပါ ။
၄။ ချဉ်ပြီဆိုမှ ကြံသကာ ၊ နံနံ ၊ စမုံစပါး လှော်ထောင်း ၊ ငြုပ်သီးခြောက်ထောင်း ၊ ရှောက်ကော ၊ ပါ့ကောမှုန့် ထည့်နှယ်လိုက်ပါ ။
၅။ အကြာကြီးထား စားမယ်ဆိုလျှင် နေပူလှန်းစရာမလိုပါ ။
Credit: Phyu Phyuhnin