ပါဝင်ပစ္စည်းများ

ဝက်ပေါင်သား ၆၅ ကျပ်သား

ဝက်ခေါက် ၂၀ ကျပ်သား

ကြက်သွန်ဖြူ ၁၅ တက်

ဆား ၂ ဇွန်းခွဲ ( ထမင်းစားဇွန်း)

သကြား ဇွန်းဝက် (ထမင်းစားဇွန်း)

Monosodium Glutamate (အချိုမှုန့်) ၁ဇွန်း (လက်ဖက်ရည်ဇွန်း)

ထမင်းချက်ပြီးသား ၁ ခွက်( တရုတ်ပန်းကန်လုံး)

ငရုတ်သီးစိမ်း ၁၀ တောင့်( ပါးပါးလှီး)

ရှလကာရည် အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

ဝက်ပေါင်သားတွေကို ရေဆေးသန့်စင်ပြီးရင် ရေခြောက်နေအောင် ပြုလုပ်ပါ။ ထို့နောက် အသားကြိတ်စက်မှာ ညှက်နေအောင် ကြိတ်ပေးပါ။

ဝက်ခေါက်တွေကို ရှလကာရည် အဖြူရောင်ဖြင့် သန့်စင်နေအောင် ဆေးပြီး နှုးအောင် ပြုတ်ပေးပါ ။ အေးသွားလျှင် မိမိလိုအပ်တဲ့ပုံစံ ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကို ညှက်နေအောင် ထောင်းပြီး ငရုတ်သီးစိမ်းကို ပါးပါးလှီး (သို့) အတောင့်လိုက် ထားပါ။

ထမင်းကတော့ အနည်းငယ်စေးသော ( တောင်ကြီးဆန်မျိုး) ကို ချက်ရင် အကောင်းဆုံးပါ။ ဇလုံကြီးကြီးတစ်ခုထဲမှာ ပါဝင်ပစ္စည်းအားလုံးကို ရောထည့်ပြီး သမသွားအောင် နယ်ပေးပါ။

မိမိလိုချင်တဲ့ အရွယ်အစား ငှက်ပျောဖက် ၊ ပလပ်စတစ်အိတ်များမှာ ထည့်ပြီး လေမ၀င်အောင် စည်းနှောင်ပါ။ အပူချိန် ၃၀ ဒီဝရီ ( သာမန်အပူချိန်) မှ ၃ ရက်မှ ၅ ရက်ထားပေးလျှင် ၀က်သားချဉ် စားလို့ရပါပြီ။

Credit: ဟင်းချက်နည်းများ