ထမင်းစားရင် ဟင်းရည်မပါဘဲ မစားချင်ဘူးဆိုတဲ့ လူတွေလည်းအကြိုက်တွေ့ပြီး ချဉ်စပ်အရသာလေးကို ကြိုက်တဲ့လူတွေပါ သဘောတွေ့မယ့် ဟင်းရည်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပင်လယ်စာ (ရောရာ) – ၆၀ ကျပ်သား
  • စွတ်ပြုပ်ပာင်းရည် – ၃ လီတာ
  • ကြက်သွန်နီ – ၃ လုံး (လေးစိတ်ခွဲ)
  • ခရမ်းချဉ်သီး – ၃ (လေးစိတ်ခွဲ)
  • စပါးလင် – ချာင်း (အဖြူရောင်သာ ပါးပါးလှီး)
  • ဂျင်း – ၁တက် (ပါးပါးလှီး)
  • ကောက်ရိုးမှို (သို့) ငွေနှင်းမှို – အနည်းငယ်
  • ရှမ်းနံနံ
  • တောရှောက်ခါးရွက်
  • ငရုတ်သီးစိမ်းတောင့်

ပြင်ဆင်ပြုလုပ်နည်း

ကြက်ရိုးကို ကြည်လင်သော ပာင်းရည်ရအောင် ပြုတ်ပါ။ (ကြည်လင်စေရန် အမြှုပ်များကို ခပ်ထုပ်ပစ်ပါ။)

မိမိဆေးကြော သန့်စင်ထားသော ပင်လယ်စာများကို ရေနွေး ဆူဆူတွင် သံပုရာသီး ၁စိတ်၊ တရုတ်နံနံ ထည့်ပြီး ခေတ္တရေနွေး ဖျောပေးပါ။ (သွေးရည်နှင့်အကျိအချွဲများ ထွက်သွားစေရန်) ရေအေးဖြင့်ဆေးပြီး ရေစစ်ပါ။ ပါဝင်ပစ္စည်းများကို လိုအပ်သလို လှီးဖြတ် သန့်စင်ထားပါ။

အားလုံး အရန်သင့် ဖြစ်ရင်တော့ စချက်ပါမယ်။ ပထမဆုံး ကြည်လင်သော ကြက်ရိုးပြုတ်ရည်ထဲသို့ ကြက်သွန်နီလေးစိတ်နှင့် စပါးလင်၊ ပဒဲကော၊ ဂျင်း၊ တောရှောက်ခါးရွက်ကို ထည့်ပြုတ်ပါ။

အရသာအဖြစ် ကြက်သားမှုန့်၊ ပာင်းချိုမှုန့် (သုံးတတ်ပါက)၊ ငါးငံပြာရည်၊ သကြားတို့ဖြင့် ဖြည့်စွက်ပါ။

ပာင်းရည်တစ်ခါဆူပွက်လာလျှင် သန့်စင်ထားသော မှိုကိုထည့်ပါ။ မှိုထည့်ပြီး နောက်တစ်ခါ ထပ်ဆူပွက် လာလျှင် မီးပြင်းကို လျှော့ချပါ။ (မီးပြင်းပြင်းနှင့်ထားလျှင် မိမိချက်သော ပာင်းရည် နောက်ကျိသွားနိူင်ပါသည်။)

ရေနွေးဖျောထားသော ပင်လယ်စာတွေကို ထည့်ပေါင်းပါ။ ထိုအချိန်တွင် ငရုတ်သီးစိမ်းကို ဓါးပြား ရိုက်ထည့်ပြီး သံပုရာရည် (သို့) ရှောက်ရည် (အသီးကို ညှစ်ထည့်ပါက ပိုမိုကောင်းမွန်)။ ချဉ်၊ ငံ၊ စပ်အရသာကိုတော့ မိမိနှစ်သက်သလို ထည့်ပါ။

မိမိစားသုံး (သို့) ဧည့်ခံကာနီးမှ ခရမ်းချဉ်သီး လေးစိတ်ခွဲနဲ့ ရှမ်းနံနံ ပါးပါးလှီး ( ကြိုက်နှစ်သက်ပါက နံနံပင်လေးပါ။) ထည့်သုံးဆောင်နိုင် ကြပါတယ်။

Credit: ဟင်းချက်နည်းများ