[Unicode]

Bubble Milk Tea ကတော့ လက်ရှိလူငယ်တွေကြား အရမ်းကိုရေပန်းစားနေတဲ့ သောက်စရာဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။လူကြိုက်လည်းများပြီး နေရာတိုင်းလိုလိုမှာရောင်းချနေကြပေမယ့် အိမ်မှာပဲအရသာရှိတဲ့ Bubble Milk Tea တစ်ခွက် ကိုယ်တိုင်ဖျော်သောက်ချင်ပါတယ်ဆိုတဲ့သူတွေအတွက် လွယ်ကူရိုးရှင်းတဲ့ Bubble Milk Tea ဖျော်နည်းလေးကို ပြောပြပေးချင်ပါတယ်။

Source : Your Keyword Basket

ပါဝင်ပစ္စည်းများ

  • Black or Jasmine Tea
  • နွားနို့
  • သကြားညို
  • Tapioca Pearls
  • ရေခဲ

ပြုလုပ်နည်းအဆင့်ဆင့်

Source : Asian Inspirations

(၁) Black or Jasmine Tea ဖျော်ဖို့အတွက် အရင်ဆုံးရေနွေးဆူအောင်တည်ထားပါ။ ရေနွေးပွက်ပွက်ဆူလာပြီဆိုရင်တော့ Black or Jasmine Tea အထုပ်ကိုထည့်ပြီး (၁၅) မိနစ်ခန့်ကျိုပေးပါ။အဲ့ဒီနောက်မှာတော့ ရလာတဲ့လက်ဖက်ရည်ကို အအေးခံပြီးနှပ်ထားပါ။

Source : The Social Tea House

(၂) နောက်တစ်ဆင့်အနေနဲ့ Milk Tea မှာထည့်ဖို့ Tapioca Pearls လေးတွေကိုပြင်ဆင်ရပါမယ်။ ပုလဲလုံးလေးတွေကို ကိုယ်တိုင်လည်းပြုလုပ်လို့ရသလို Supermarket တွေမှာလည်း Ready Made လုပ်ပြီးသားလေးတွေကို အလွယ်တကူဝယ်လို့ရပါတယ်။ ပုလဲလုံးလေးတွေ ပြုတ်ဖို့ရေနွေးတည်ပါ။ရေနွေးဆူလာပြီဆိုရင်တော့ ပုလဲလုံးလေးတွေကိုထည့်ပြီး (၁၅) မိနစ်ခန့်ပြုတ်ထားပေးပါ။အချိန်စေ့ပြီဆိုရင်တော့ ပြုတ်ထားတဲ့အိုးထဲကို သကြားညို အနည်းငယ်ထည့်ပြီး မီးအေးအေးနဲ့ သကြားပျော်သွားတဲ့အထိမွှေပေးပါ။ပြီးရင်တော့ အအေးခံထားလိုက်ရင်ရပါပြီ။

Source : HonestlyYUM

(၃) နောက်ဆုံးအဆင့်အနေနဲ့ ဖျော်မယ့်ခွက်ထဲ အအေးခံထားတဲ့ လက်ဖက်ရည်ကိုဇကာလေးနဲ့စစ်ပြီးထည့်ပါ။အသင့်ဖျော်နွားနို့ကိုလည်း ကိုယ့်ကြိုက်နှစ်သက်တဲ့အရသာပေါ်မူတည်ပြီး အနည်းအများ စိတ်ကြိုက်ထည့်နိုင်ပါတယ်။ပြီးရင်တော့ အအေးခံထားတဲ့ ပုလဲလုံးလေးတွေကိုထည့်ပါ။အချိုအရသာအတွက် သကြားရည်ကိုလည်းမိမိစိတ်ကြိုက်ထည့်ပြီးသုံးဆောင်နိုင်ပါတယ်။နောက်ဆုံးမှာတော့ ရေခဲတုံးလေးတွေထည့်ပြီး သေချာလေးမွှေပေးပါ။ဒါဆိုရင်တော့ လွယ်ကူပြီးအရသာရှိတဲ့ Bubble Milk Tea တစ်ခွက်သုံးဆောင်နိုင်ပြီပဲဖြစ်ပါတယ်။

[Zawgyi]

Bubble Milk Tea ကေတာ့ လက္ရွိလူငယ္ေတြၾကား အရမ္းကိုေရပန္းစားေနတဲ့ ေသာက္စရာေဖ်ာ္ရည္တစ္မ်ဳိးျဖစ္ပါတယ္။လူႀကိဳက္လည္းမ်ားၿပီး ေနရာတိုင္းလိုလိုမွာေရာင္းခ်ေနၾကေပမယ့္ အိမ္မွာပဲအရသာရွိတဲ့ Bubble Milk Tea တစ္ခြက္ ကိုယ္တိုင္ေဖ်ာ္ေသာက္ခ်င္ပါတယ္ဆိုတဲ့သူေတြအတြက္ လြယ္ကူရိုးရွင္းတဲ့ Bubble Milk Tea ေဖ်ာ္နည္းေလးကို ေျပာျပေပးခ်င္ပါတယ္။

Source : Your Keyword Basket

ပါဝင္ပစၥည္းမ်ား

  • Black or Jasmine Tea
  • ႏြားႏို႔
  • သၾကားညိ
  • Tapioca Pearls
  • ေရခဲ

ျပဳလုပ္နည္းအဆင့္ဆင့္

Source : Asian Inspirations

(၁) Black or Jasmine Tea ေဖ်ာ္ဖုိ႔အတြက္ အရင္ဆံုးေရေႏြးဆူေအာင္တည္ထားပါ။ ေရေႏြးပြက္ပြက္ဆူလာၿပီဆိုရင္ေတာ့ Black or Jasmine Tea အထုပ္ကိုထည့္ၿပီး (၁၅) မိနစ္ခန္႔က်ဳိေပးပါ။အဲ့ဒီေနာက္မွာေတာ့ ရလာတဲ့လက္ဖက္ရည္ကုိ အေအးခံၿပီးႏွပ္ထားပါ။

Source : The Social Tea House

(၂) ေနာက္တစ္ဆင့္အေနနဲ႔ Milk Tea မွာထည့္ဖို႔ Tapioca Pearls ေလးေတြကိုျပင္ဆင္ရပါမယ္။ ပုလဲလံုးေလးေတြကို ကိုယ္တိုင္လည္းျပဳလုပ္လို႔ရသလို Supermarket ေတြမွာလည္း Ready Made လုပ္ၿပီးသားေလးေတြကို အလြယ္တကူဝယ္လို႔ရပါတယ္။ ပုလဲလံုးေလးေတြ ျပဳတ္ဖုိ႔ေရေႏြးတည္ပါ။ေရေႏြးဆူလာၿပီဆိုရင္ေတာ့ ပုလဲလံုးေလးေတြကိုထည့္ၿပီး (၁၅) မိနစ္ခန္႔ျပဳတ္ထားေပးပါ။အခ်ိန္ေစ့ၿပီဆိုရင္ေတာ့ ျပဳတ္ထားတဲ့အိုးထဲကို သၾကားညိဳ အနည္းငယ္ထည့္ၿပီး မီးေအးေအးနဲ႔ သၾကားေပ်ာ္သြားတဲ့အထိေမႊေပးပါ။ၿပီးရင္ေတာ့ အေအးခံထားလိုက္ရင္ရပါၿပီ။

Source : HonestlyYUM

(၃) ေနာက္ဆံုးအဆင့္အေနနဲ႔ ေဖ်ာ္မယ့္ခြက္ထဲ အေအးခံထားတဲ့ လက္ဖက္ရည္ကိုဇကာေလးနဲ႔စစ္ၿပီးထည့္ပါ။အသင့္ေဖ်ာ္ႏြားႏို႔ကိုလည္း ကိုယ့္ႀကိဳက္ႏွစ္သက္တဲ့အရသာေပၚမူတည္ၿပီး အနည္းအမ်ား စိတ္ႀကိဳက္ထည့္ႏိုင္ပါတယ္။ၿပီးရင္ေတာ့ အေအးခံထားတဲ့ ပုလဲလံုးေလးေတြကိုထည့္ပါ။အခ်ဳိအရသာအတြက္ သၾကားရည္ကိုလည္းမိမိစိတ္ႀကိဳက္ထည့္ၿပီးသံုးေဆာင္ႏိုင္ပါတယ္။ေနာက္ဆံုးမွာေတာ့ ေရခဲတံုးေလးေတြထည့္ၿပီး ေသခ်ာေလးေမႊေပးပါ။ဒါဆိုရင္ေတာ့ လြယ္ကူၿပီးအရသာရွိတဲ့ Bubble Milk Tea တစ္ခြက္သံုးေဆာင္ႏိုင္ၿပီပဲျဖစ္ပါတယ္။