ပါဝင်ပစ္စည်းများ

  • ဝက်သား၊ သုံးထပ်သား၊ နံရိုးနု အသားကောင်းကောင်း
  • ကြက်ခြေထောက်၊ ကြက်ရိုး၊ ငုံးဥ
  • ပဲကြာဇံ၊ ပိန်းဥ၊ ဟင်းရွက်အစုံ
  • ကြာညို့၊ ဂျုံ၊ ဝက်ခေါက်ကြော်
  • ဂျင်း၊ ကြက်သွန်ဖြူ၊ ကုလားအော်သီး၊ သံပုရာသီး၊ ယိုးဒယား ငံပြာရည်

ပြုလုပ်ပုံ

ကြက်ရိုးများကို ရေဆေးပြီး ပြုတ်ထားပါ။ ကြက်ခြေထောက်များကို ရေဆေးပြီး စတူးလုပ်ရန် ဆား၊ ကြာညို့ ၊ သကြားအနဲငယ်ဖြင့် နယ်ပြီး ရေခဲ သတ္တာထဲ ထည့်ထားပါ။

ဝက်အသားများကို စင်းပြီး ရေစိမ်ပြီး ဖြတ်ထားသော ပဲကြာဇံများဖြင့် ရောနယ်ကာ အချို အငံ ထည့်၍ လုံးထားပါ။ နံရိုးနုကို တစ်လုတ်စာ အတုံးသေးများ တုံး၍ ဂျုံမှုန့် လူးကာ ဆီပူပူတွင် မီးအေးအေးဖြင့် ရဲအောင် ကြော်ပါ။

သုံးထပ်သားကို တစ်လုတ်စာ အတုံးသေးများတုံးကာ အချို အငံ ထည့်၍ နယ်ပြီး ရေထည့်၍ ခမ်းအောင်ပြုတ်ပါ။ ဂျုံကို ရေသန့်ဖြင့် မပျစ်မကြဲ ဖျော်ထားပါ။

ပြီးလျှင် ပြုတ်ထားသော ဝက်သားများကို ဂျုံတွင်နစ်၍ တစ်တုံးချင်းဆီ ထည့်ကြော်ပါ။ ရေခဲသေတ္တာထဲမှ နယ်ထားသော ကြက်ခြေထောက်များကို ဆီပူပူတွင် ၁၀ မိနစ်ခန့် ကြော်ပြီး ဆည်ထားပါ။

ပိန်းဥကို ရေဆေး လှီးကာ ဆားဖြင့် နာရီဝက်ခန့် စိမ်ထားပါ။ ပြီးလျှင် ကြက်ပြုတ်ရေဖြင့် ပိန်းဥကို နူးအောင်ပြုတ်ပါ။

ပြင်ဆင်ပြုလုပ်ပုံ

ချက်မည့် ဟော့ပေါ့အိုးထဲသို့ ပိန်းဥများကို အရင် စီထည့်ပါ။ အသားလုံးပဲကြာဇံထည့်ပါ။ နံရိုးနုကြောင်ထည့်ပါ။ သုံးထပ်သား စဥထည့်ပါ။ ကြက်ခြေထောက်စတူးထည့်ပါ။ ငုံးဥထည့်ပါ။

အဆာပလာများကို စီရီစွာထည့်ပြီးလျှင် ကြက်ပြုတ်ရည် လောင်းထည့်ပါ။ အလည်တွင် မီးသွေးမီးများထည့်၍ မိမိ စိတ်ကြိုက် သန့်စင်ထားသော ဟင်းရွက်များထည့်ကာ ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။

အချဉ်လုပ်နည်း ဟော့ပေါ့အရည် နှင့် တွဲစားရန်အတွက် အချဉ်ရည်ကို ဂျင်း၊ ကြက်သွန်ဖြူ၊ ကုလားအော်သီး မညှက်တညှက်ထောင်းပါ။ ပြီးလျှင် သံပုရာသီးညှစ် နှင့် ယိုးဒယား ငံပြာရည်ထည့်ပြီး စားပါ။

Credit: Pan Pan