ပါဝင်ပစ္စည်းများ
- ငါးဥငါး (ရှီရှားမိုးငါး)
- ကြက်သွန်နီ အကြီး ၁ လုံး
- ကြက်သွန်ဖြူ ၃ မွှာ
- ခရမ်းချဉ်သီး ၂ လုံး (ပါးပါးလှီးထားပါ)
- နနွင်းမှုန့် အနည်းငယ်
- အရောင်တင်မှုန့် အနည်းငယ်
- ဆီ ၃ ဇွန်း (ထမင်းစားဇွန်း)
- ဆား အနည်းငယ်
- ငံပြာရည် အနည်းငယ်
- မကျည်းနှစ် အနည်းငယ်
- ငရုတ်သီးစိမ်း
- နံနံပင်
- ရေ
- ဂျင်း အနည်းငယ်
Method
- ငါးများကို သန့်စင်ပြီး ဆား ၊ ဆနွင်း ၊ ငံပြာရည် နယ် ထားပါ။ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း နှင့် အရောင်တင်မှုန့် တို့ကို ညက်အောင်ထောင်းပါ။
- ဒယ်အိုးထဲတွင် ဆီကို ပူအောင် တည်ပြီး ထောင်းထားသော ကြက်သွန်နှင့် အဆာပလာများကို ဆီသတ်ပါ။ ကြက်သွန်အရောင် ပြောင်းပြီး အနံ့မွှေးလာလျင် လှီးထားသော ခရမ်းချဉ်သီးကိုထည့်ပါ။
- ခရမ်းချဉ်သီး ညိုးသွားလျင် ရေနွေးတခွက်ခန့် ထည့်ပြီး ဟင်းအနှစ်ဖြစ်အောင် မီးမီးအေးအေးနှင့် တည်ပြီး မကြာခဏ မွှေပေးပါ။ ဟင်းအနှစ်ဖြစ်လာလျင် မကျည်းနှစ် အနည်းငယ် နှင့် ငရုတ်သီးစိမ်းကို ထည့်ပါ။
- နောက်ဆုံးမှ ငါးကို ထည့်ပါ။ ကြေလွယ်သောကြောင့် ဖြစ်ပါသည်။ ငါးထည့်ပြီးလျင် အိုးအဖုံးကို အုပ်ထားပါ။
- ၅မိနစ်ခန့် အတွင်း ငါးကြက်ပါပြီ။ နံနံပင်အုပ်ပြီး မီးပိတ်ပြီး အရသာ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ။ အချိုမှုန့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။
MyFood Myanmar