ပါဝင်ပစ္စည်းများ

  • ငါးဥငါး (ရှီရှားမိုးငါး)
  • ကြက်သွန်နီ‬ အကြီး ၁ လုံး
  • ကြက်သွန်ဖြူ ၃ မွှာ
  • ခရမ်းချဉ်သီး ၂ လုံး (ပါးပါးလှီးထားပါ)
  • နနွင်းမှုန့် အနည်းငယ်
  • အရောင်တင်မှုန့် အနည်းငယ်
  • ဆီ ၃ ဇွန်း (ထမင်းစားဇွန်း)
  • ဆား အနည်းငယ်
  • ငံပြာရည် အနည်းငယ်
  • မကျည်းနှစ် အနည်းငယ်
  • ငရုတ်သီးစိမ်း
  • နံနံပင်
  • ရေ
  • ဂျင်း အနည်းငယ်

Method

  1. ငါးများကို သန့်စင်ပြီး ဆား ၊ ဆနွင်း ၊ ငံပြာရည် နယ် ထားပါ။ ‪ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဂျင်း နှင့် အရောင်တင်မှုန့် တို့ကို ညက်အောင်ထောင်းပါ။
  2. ဒယ်အိုးထဲတွင် ဆီကို ပူအောင် တည်ပြီး ထောင်းထားသော ကြက်သွန်နှင့် အဆာပလာများကို ဆီသတ်ပါ။ ကြက်သွန်အရောင် ပြောင်းပြီး အနံ့မွှေးလာလျင် လှီးထားသော ခရမ်းချဉ်သီးကိုထည့်ပါ။
  3. ခရမ်းချဉ်သီး ညိုးသွားလျင် ရေနွေးတခွက်ခန့် ထည့်ပြီး ဟင်းအနှစ်ဖြစ်အောင် မီးမီးအေးအေးနှင့် တည်ပြီး မကြာခဏ မွှေပေးပါ။ ဟင်းအနှစ်ဖြစ်လာလျင် မကျည်းနှစ် အနည်းငယ် နှင့် ငရုတ်သီးစိမ်းကို ထည့်ပါ။
  4. နောက်ဆုံးမှ ငါးကို ထည့်ပါ။ ကြေလွယ်သောကြောင့် ဖြစ်ပါသည်။ ငါးထည့်ပြီးလျင် အိုးအဖုံးကို အုပ်ထားပါ။
  5. ၅မိနစ်ခန့် အတွင်း ငါးကြက်ပါပြီ။ နံနံပင်အုပ်ပြီး မီးပိတ်ပြီး အရသာ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ။ အချိုမှုန့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။

MyFood Myanmar