အားလုံးသိပြီးသားဖြစ်သော ကော်ရည်ခေါက်ဆွဲလေးက ခေါက်ဆွဲတွေထဲမှာ ငါးပိထောင်းလေးနှင့် တွဲစားရသောခေါက်ဆွဲဆိုပြီး လူငယ်တွေအကြိုက် ချဉ်စပ်လေးကတော့ ဘယ်အချိန်ပဲဆွဲဆွဲ ပြီးပြည့်စုံသော အရသာကို အမြဲခံစားရမှာပါ။ စည့်ရဲ့ ချက်နည်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ (ကော်ရည်လုပ်ရန်)
- ခေါက်ဆွဲ – ၅ဝဝ ဂရမ် (အစို)
- ကြက်ပေါင် – ၂ ခု
- ပဲပင်ပေါက် – ၁ ခွက် (ပြုတ်ထားပါ။ ဟင်းချက်ရန်တိုင်းသောခွက်)
- ကန်စွန်းရွက် – ၁ စည်း (ပြုတ်ထားပါ)
- ဘဲဥ – ၂-၃ လုံး (ခလောက်ထားပါ)
- ပြောင်းဖူးကော်မှုန့် – စားပွဲဇွန်း ၂ ဇွန်း(ဖျော်ထားပါ)
- ငရုတ်ကောင်းမှုန့် – အနည်းငယ်
- ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း (လိုသလောက် ထပ်ထည့်ပါ)
- ပဲငံပြာရည် – စားပွဲဇွန်း ၂ ဇွန်းခွဲ (ကြက်ပြုတ်ရန်)
- ချင်း – ၁ စင်တီမီတာ (ဓားပြားရိုက်ထားပါ)
- နံနံပင် – ၃ ပင် (ခပ်ကြမ်းကြမ်းလေး လှီးထားပါ)
- သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ (အရွက်ပြုတ်ရန်)
- (ငါးပိထောင်းလုပ်ရန် – ပါဝင်ပစ္စည်းများ)
- ပုစွန်ငါးပိစိမ်း – စားပွဲဇွန်း ၂ ဇွန်း (မီးဖုတ်ထားပါ)
- ငရုတ်သီးစိမ်း – ၁၅ တောင့် (လှော်ထားပါ)
- သံပရာသီး – ၁ လုံး (အရည်ညှစ်ယူထားပါ)
- ဆား – အနည်းငယ်
ကော်ရည်ပြုလုပ်နည်း
ဇောက်နက်အိုးထဲ ကြက်ပေါင်၊ ပဲငံပြာရည်၊ ချင်းများထည့်ပြီး ရေ ကြက်ပေါင်မြုပ်တဲ့အထိထည့်ပြီး ပြုတ်ပါ။ အသားနူးလာလျှင်ရပါပြီ။ ကြက်သားများဆယ်ပြီး အအေးခံထား ပါ။ အသားအေးလျှင် ကြက်သားကို အမျှင်လေးတွေ မျှင်ထားပါ။
ပြီးလျှင် အသင့်ဖျော်ထားသော ကော်ရည်နှင့် အသားမျှင်များ ကြက်ပြုတ်ရည်ထဲ ပြန်ထည့်ပြီးတည်ပါ။ ပွတ်ပွတ်ဆူလာလျှင် မီးလျော့ပြီး ပူရုံလေးတည်ပါ။
ဘဲဥအနှစ်များ အမျှင်တွဲလေးတွေဖြစ်အောင် ဖြည်းဖြည်း ချင်း လောင်းထည့်ပါ။ ငရုတ်ကောင်းဖြူးပါ။ ဆားမြည်းပြီး လိုတာထပ်ဖြည့်ပါ။
ဖန်ဇလုံအကြီးထဲ ရေခဲများများ ထည့်ပြီး ရေထည့်ပါ။ ဇောက်နက်အိုးထဲ သကြားနှင့် ရေများများထည့်ပြီး ဆူ အောင်တည်ပါ။ ရေဆူလျှင် ပဲပင်ပေါက် စက္ကန့်ပိုင်းလောက် အရင်ပြုတ်ပါ။ ပဲပင်ပေါက်တွေဆယ်ပြီး ရေခဲရေထဲထည့် ပြီး အအေးခံထားပါ။
ရေပြန်ဆူအောင်တည်ပါ။ ရေဆူလျှင် ကန်စွန်းရွက်များပြုတ်ပါ။ နူးရုံလေးပဲပြုတ်ပါ။ ရေပူထဲမှ ဆယ်ပြီး ရေခဲရေထဲထည့်ပြီး အအေးခံထားပါ။ ကန်စွန်းရွက်များ ရေစစ်ပြီး အနေတော်လေးတွေပိုင်းထားပါ။
(ငါးပိထောင်းပြုလုပ်နည်း)
၁။ ကြိတ်စက်ထဲ သံပရာရည်ကလွဲလို့ ငါးပိထောင်း ပါဝင်ပစ္စည်းများအားလုံး မညက်တညက်ကြိတ်ပါ။ ငါးပိ ထောင်းထဲ သံပရာရည်များ ဖျန်းပါ။
၂။ သုံးဆောင်ရန် ပန်းကန်ထဲ ခေါက်ဆွဲကော်ရည် အရည်နှင့် အသီးအရွက်များ ငါးပိထောင်းထည့်ပြီး နံနံပင်လိုသလောက်ထည့်ပြီး ပူပူ (သို့) နွေးနွေးလေးသုံးဆောင်ပါ။