ပါဝင်ပစ္စည်းများ
- ကင်ချီ
- ကိုးရီးယား ငရုတ်နှစ်
- ခရုဆီ
- နှမ်းဆီ
- ကြက်ဥ
ပြုလုပ်ပုံ
၁။ ပထမဦးစွာ ရေခဲသတ္တာထဲမှ အပြင်ထုတ်၍ အချဉ်ဖောက်ထားသော ကင်ချီ အနည်းငယ်ကို နုပ်နုပ်စဉ်းပြီး ဒယ်အိုးထဲသို့ ဆီအနည်းငယ် ထည့်၍ ကြော်ပါ။
၂။ ထို့နောက် ထမင်း ထည့်ပါ။ ကိုရီးယား ငရုပ်ဆီ နှင့် ခရုဆီ (Oyster Sauce) အနည်းငယ် ထည့်ပြီး နှံ့အောင် မွှေပေးပါ။
၃။ ထို့နောက် နှမ်းဆီ အနည်းငယ် ဆမ်း၍ သမအောင် ထပ်မွှေပြီး အသင့်စားသုံးနိုင်ပါပြီ။
၄။ ကြက်ဥ ကြိုက်လျှင် အပေါ်တွင် ကြက်ဥကြော် တင်၍လည်း စားသုံးလို့ ရပါသည်။ မှတ်ချက်။ Kimchi Fried Rice ကြော်လျှင် Sour Kimchi (ကင်ချီအချဉ်) ဖြင့်သာ ကြော်ရပါသည်။ မီးဖိုပေါ်မှ မချခင် နှမ်းဆီ အနည်းငယ် ဆမ်းပြီးမွှေပေးလျှင် အထူးကောင်းမွန်သော အနံ့,အရသာ ကိုရရှိပါသည်။
Credit: ဇွဲသုသု