ကိုရီးယား အစားအစာလေးများကို ကြိုက်နှစ်သက်ကြသောသူများအတွက် ကင်ချီ နဲ့ ထည့်လိပ်ထားသော ရေညှိ ထမင်းလိပ် ကိုလဲ ကြိုက်ကြမှာပါ။ ကိုးရီးယားမှာတော့ ကင်ချီထမင်းလိပ်ကို အစားများ ကြပါတယ် ။
ပါဝင်ပစ္စည်း
- ရေညှိဖတ် – ၃ ရွက် (ကင်ပြီးသား ကိုဝယ်ပါ)
- သခွာသီး – ၁ လုံး (ရှည်ရှည် အမျှင်လေးတွေ လှီးထားပါ။ ဆားနဲ့ နယ်ပြီး အရည်ညှစ်ထားပါ)
- မုန်လာဥနီ – ၁ လုံး (ပြုတ်ထားပါ။ ရှည်ရှည် အမျှင်လေးတွေ လှီးထားပါ)
- ချိစ် မယ်ယိုနစ် – ၅ ဇွန်း (စားပွဲဇွန်း)
- အုပ်စု (က) နှမ်းဆီ – ၁ ဇွန်း (စားပွဲဇွန်း)
- အမဲကြိတ်သား – ၁၀ ကျပ်သား
- ပဲငံပြာရည် – ၂ ဇွန်း (စားပွဲဇွန်း/ကိုးရီးယား ပဲငံပြာရည်)
- Sake – ၁ ဇွန်း ခွဲ (လက်ဖက်ဇွန်း)
- Mirin – တစ်ဝက် ဇွန်း (လက်ဖက်ဇွန်း)
- ကြက်သွန်ဖြူမှုန့် – ၁ ဇွန်း (လက်ဖက်ဇွန်း)
- နှမ်း – ၂ ဇွန်း (လက်ဖက်ဇွန်း)
- ကြက်သွန်မြိတ် – ၁ ပင် (ခတ်သေးသေးလေးတွေ လှီးထားပါ)
- ကင်ချီ – ၂ ဇွန်း (စားပွဲဇွန်း/နုတ်နုတ်လေးတွေ လှီးထားပါ)
- အုပ်စု (ခ)
- ထမင်းချက်ပြီးသား – ၃ ခွက် (ကိုရီးယားဆန် (သို့) ရှမ်းဆန်)
- ရှာလကာရှည် – ၃ ဇွန်း (စားပွဲဇွန်း)
- သကြား – ၁ ဇွန်း (စားပွဲဇွန်း)
- ဆား – ၁ ဇွန်း (လက်ဖက်ဇွန်း)
ပြုလုပ်နည်း
- ဖန်ဇလုံထဲ အုပ်စု (ခ) မှ ပါဝင်ပစ္စည်းများ ထည့်ပြီး နှံအောင်နယ်ပေးပါ။ ထမင်း စည်းလာပါလိမ့်မယ်။ ဇလုံထဲ အုပ်စု (က) ပစ္စည်းများ အားလုံးထည့်နယ်ပါ။
- ဒယ်အိုး ပူလာလျှင် နယ်ထားသော အုပ်စု (က)ကို မီးပူပူဖြင့် တည်ပါ။ အသားများ ကျက်လာလျှင် မီးဖိုပေါ်မှ ချပြီး အအေးခံ ထားပါ။
- ထမင်းလိပ်ရန် ဝါးရင်းလိပ်ကို စားပွဲပေါ် ဖြန့်ခင်းပါ။ ဝါးရင်းလိပ်ပေါ်မှာ ရေညှိဖတ် တင်ပါ။ ပြီးလျှင် နယ်ထားသော ထမင်းကို အညီအညာ ဖြန့်လိုက်ပါ။ ထမင်းများကို ရေညှိဖတ်ပေါ် အကုန်ဖြန့် မတင်ပါနဲ့ ။ ရေညှိဖတ်ကို ၁.၅ စင်တီမီတာ လောက် ထားပေးပါ။
- ပြီးမှ ကျန်အစာများ အားလုံးကို ထမင်းလိပ် အလယ်မကျ တကျ တစ်ခုချင်း တင်ပေးပါ။ အားလုံးတင်ပြီးလျှင် မယ်ရိုနစ်ကို အပေါ်ဆုံးမှ တင်ပါ။ ပြီးလျှင် ကိုယ့်ဖက်ကနေ စ၍ လိပ်ပါ။ ကျစ်ကျစ်လေး လိပ်ပေးပါ။
- ထမင်းလိပ် တလိပ်ကို ၈ ပိုင်းလောက် ရပါတယ်။ လှီးမယ့် ဓားကို ရေစို အဝတ်လေးနဲ့ ပွတ်ပြီးမှ ထမင်းလိပ် လှီးပါ။ ကြိုက်နှစ်သက်ရာ ပုံစံမျိုးလေး ပြင်ပြီး စားသုံးနိုင်ပါတယ် ။